Connect with us

Asia

အိန္ဒိယ နိုင်ငံ မှ ဘဏ်ငွေသယ်ကား တစ်စင်း လက်နက်ကိုင် အဖွဲ့ ၏ တိုက်ခိုက်ခြင်း ခံရသဖြင့် ၇ ဦးသေဆုံး

အိန္ဒိယ နိုင်ငံ တွင် တိုက်ခိုက်ခံခဲ့ရသည့် ငွေသယ်ကား အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ မေ ၂ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ ရဲတပ်ဖွဲ့ က Kashmir ဒေသတွင် ငွေများသယ်ဆောင်လာသည့် ဘဏ်ငွေသယ်ကား ကို လက်နက်ကိုင် အဖွဲ့ က တိုက်ခိုက်ခဲ့သဖြင့် ၇ ဦး သေဆုံးခဲ့ရကြောင်း မေလ ၁ ရက်နေ့က ပြောကြား ခဲ့သည်။

ရဲတပ်ဖွဲ့ က တိုက်ခိုက်ခံရသည့် ငွေသယ်ကား သည် Kashmir ဒေသ ရှိ ဘဏ်တစ်ခု မှ ကား ဖြစ်ပြီး Kulgam ဒေသ သို့ ရောက်ရှိခဲ့စဉ် တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး တိုက်ခိုက်မှု အတွင်း ငွေများကို တာဝန်ယူ ပို့ဆောင်ပေးသည့် ရဲဝန်ထမ်း ၅ ဦး နှင့် ဘဏ်လုံခြုံရေး ဝန်ထမ်း ၂ ဦးသေဆုံး ခဲ့ကြောင်း ပြောကြား ခဲ့သည်။

Kulgam ဒေသဆေးရုံ မှ Dr R D Kasana က ဆင်ဟွာ သတင်းဌာနသို့ ဖုန်းဖြင့်ပြောကြား ခဲ့ရာတွင် ငွေသယ်ကား တွင် တိုက်ခိုက်ခံရသည့် လူနာ ၇ ဦးသည် ဆေးရုံသို့ရောက်ရှိခဲ့ချိန်တွင် သေဆုံးခဲ့ပြီးဖြစ်ကြောင်း ၊ သေဆုံးသူများတွင် သေနတ်ဒဏ်ရာအများအပြား တွေ့ရှိပြီး တိုက်ပွဲလွန်စွာပြင်းထန်ကြောင်း ကို သိမြင်နိုင်ကြောင်း ပြောကြား ခဲ့သည်။

အိန္ဒိယ နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ လက်နက်ကိုင် အဖွဲ့သည် ဘဏ်ငွေသယ်ကား ကို တိုက်ခိုက်ခဲ့ပြီးနောက် ငွေသား အမြောက်အများကိုယူဆောင်သွားပြီး သေနတ် ၅ လက်ကိုလည်း ယူဆောင်သွားကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် မည်သည့် အဖွဲ့အစည်း မှ ယင်းတိုက်ခိုက်မှု ကို ဆောင်ရွက်ခဲ့ကြောင်း ကြေညာခြင်း မရှိဘဲ အိန္ဒိယ နိုင်ငံ ရဲတပ်ဖွဲ့ မှ အခင်းဖြစ်ပွားခဲ့ရာနေရာကို ပိတ်ဆို့ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.