ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် တရားခံပြေးကြေညာထားသူ နဂါးလေးအား ယမန်နေ့က ရဲတပ်ဖွဲ့မှ ဖမ်းဆီးစဉ် ပြန်လည်ခုခံကာ မောင်းပြေးသွားသော ကားအား ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျည်စုအနောက်ကွင်းအနီး ရှာဖွေတွေ့ရှိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အီရတ် နိုင်ငံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်နေ့၌် မြို့တော် ဘဂ္ဂဒက် တွင် ကားဗုံး ဖောက်ခွဲ တိုက်ခိုက်မှု ထပ်မံ ဖြစ်ပွား ခဲ့ပြီး ၄၅ ဦးသေဆုံးကာ ၅၆ ဦး ဒဏ်ရာရရှိစေခဲ့ကြောင်း...
ချန်ဒူး၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ၁၉၉၂ခုနှစ် ဘာဆီလိုနာအိုလံပစ်အားကစားပွဲတော်၏ လာဘ်ကောင်ဖြစ်သော အသက်၂၅နှစ်အရွယ် ပန်ဒါကြီးမျိုး ကိုဘီ သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် မြို့တော် ချန်ဒူးမြို့ ရှိ တိရစ္ဆာန်ရုံတစ်ခု တွင် ဖေဖော်ဝါရီလက သေဆုံးသွားခဲ့ကြောင်း သိရသည်။
ရီယာ့ဒ် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျ နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန က နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်း အနေဖြင့် IS အကြမ်းဖက် တပ်ဖွဲ့ ၏ တပ်ဖွဲ့ခွဲ ၄ ခုကို ချေမှုန်း နိုင်ခဲ့ပြီး အဖွဲ့ဝင် ၁၈ ဦးကို...
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတောင်ပိုင်း Sindh ပြည်နယ် Sehwan မြို့ရှိ ဗလီတစ်ခုတွင် အသေခံဗုံးခွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေသည် ၇၂ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ ငါးခုအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် ယနေ့ဖွဲ့စည်းလိုက်ကြောင်းနိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်အတွင်းယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေ ၅နာရီ၂၅ မိနစ်ခန့်တွင် တရားခံပြေးတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များပစ်ခတ်ဖမ်းဆီးမှုဖြစ်ပွားခဲ့ပြီးလက်ရှိချိန်ထိ တရားခံ လွတ်မြောက်နေဆဲဖြစ်ကြောင်း တာဝန်ရှိ ရဲမှူးးတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) YBS ယာဉ်လိုင်းစနစ်တွင် ပြေးဆွဲရန် ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) က ဖေဖော်ဝါရီလမကုန်မီ ဘတ်စ်ကားအစီးရေ ၃ဝ ကို ထပ်မံထည့်သွင်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) (၁၂)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များအစည်းအဝေးကို ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။