Connect with us

Africa & Middle East

ပါကစ္စတန်ဗလီတစ်ခုတွင် အသေခံဗုံးခွဲမှုကြောင့် သေဆုံးသူ ၇၂ဦးအထိ မြင့်တက်လာ


အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံတောင်ပိုင်း Sindh ပြည်နယ် Sehwan မြို့ရှိ ဗလီတစ်ခုတွင် အသေခံဗုံးခွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေသည် ၇၂ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Sindh ပြည်နယ် ရဲမှူးချုပ် A.D. Khawaja ကပေါက်ကွဲမှုကြောင့် လူ ၂၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် Faisal Edhi က သေဆုံးသူများတွင် အမျိုးသား ၄၃ဦး၊ ကလေး ၂၀ဦး နှင့် အမျုးိသမီး ၉ဦး ပါဝင်ကြောင်းပြောကြားခဲ့သည်။

ရဲအရာရှိတစ်ဦးဖြစ်သည့် Rasool Bux က အသေခံဗုံးခွဲသမားသည် Lal Shahbaz Qalander ဗလီအတွင်းသို့ လူထူထပ်သည့် ရွှေရောင်ဂိတ်ပေါက်မှ ဝင်ရောက်လာခဲ့ပြီး ဘာသာရေးအကဆင်နွှဲနေသည့် လူအုပ်ထဲအရောက်တွင် ဗုံးအားဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။၎င်းက ဖေဖော်ဝါရီ ၁၆ရက် ညနေပိုင်းအား ဗလီအတွင်း ဝတ်ပြုဆုတောင်းရန် မွန်မြတ်သောအချိန်ဟု လူအများက သတ်မှတ်ကြပြီး သူတော်စင်အားနောက်ဆုံး ဝတ်ပြုဆုတောင်းရန် နှင့် ဘာသာရေးအက ဆင်နွှဲရန် နိုင်ငံအနှံ့မှ လူအများအပြားရောက်ရှိလာခြင်းတို့ကြောင့် ဗလီအတွင်း၌ လူ ၅၀၀မှ ၈၀၀ ဦး အထိ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အသေခံဗုံးပေါက်ကွဲခဲ့သည့် ဗလီအတွင်း တစ်နေရာအားတွေ့ရစဉ် (ဆင်ဟွာ)

ဒဏ်ရာရရှိခဲ့သူတစ်ဦး က လုံခြုံရေးကင်မရာရုံးခန်းအတွင်းမှ စက်သမားသည် ၎င်း၏ရုံးခန်းမှ ထွက်ပြေးလာခဲ့ပြီးနောက် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နှင့် ယင်းစက်သမား သည် အသေခံဗုံးခွဲသမားအား လုံခြုံရေးကင်မရာတွင် တွေ့မြင်ပြီးနောက် ၎င်း၏ ဇနီးအားကယ်ဆယ်ရန် ထွက်ပြေးသွားခြင်းဖြစ်နိုင်ကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခုသို့ပြောကြားခဲ့သည်။

အခြား မျက်မြင်တွေ့ရှိခဲ့သူများက ဗလီအတွင်း၌ ဝတ်ပြုဆုတောင်းနေစဉ် ကျယ်လောင်သည့် ပေါက်ကွဲသံအား ကြားခဲ့ရပြီးနောက် ခန္ဓာကိုယ်အပိုင်းအစများ နှင့် ဒဏ်ရာရရှိသူများ နေရာအနှံ့ ပျံ့ကျဲနေခဲ့ကြောင်း ပြောကြားခဲ့သည်။ဒဏ်ရာရရှိသူများအား Sehwan ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာအခြေအနေပြင်းထန်သူများအား Karachi နှင့် Nawabshah ဒေသအတွင်းရှိ ဆေးရုံများသို့ စစ်တပ်လေယာဉ်များ၊ ရဟတ်ယာဉ်များအသုံးပြု၍ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။IS စစ်သွေးကြွအုပ်စု က ၎င်းတို့ပိုင် ဝက်ဘ်ဆိုက်ဖြစ်သည့် AMAQ တွင် အသေခံဗုံးခွဲသမားသည် ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ် Lal Shahbaz Qalandar ဗလီတွင် ဗုံးဖောက်ခွဲခဲ့ကြောင်း ရေးသားခဲ့ပြီး ဗုံးဖောက်ခွဲမှုအား ဝန်ခံခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ် က အသေခံဗုံးဖောက်ခွဲမှုများ ပြစ်တင်ရှုံ့ချခဲ့ပြီး ဒဏ်ရာရရှိသူများအား လိုအပ်သည့် ဆေးကုသမှုများ အကောင်းဆုံးလုပ်ဆောင်ပေးရန် ဋ္ဌာနများသို့ တိုက်ရိုက်ညွှန်ကြားခဲ့ကြောင်း သိရသည်။ယခုတစ်ကြိမ်ဗုံးဖောက်ခွဲမှုသည် သုံးလအတွင်း IS တို့က ပါကစ္စတန်ရှိ ဗလီကျောင်းများကို ပစ်မှတ်ထား၍ ဒုတိယအကြိမ်ဗုံးဖောက်ခွဲမှုဖြစ်ကြောင်း သိရသည်။၂၀၁၆ခုနှစ် နိုဝင်ဘာ ၁၂ ရက်ကလည်း နိုင်ငံ၏ အနောက်တောင်ဘက် Balochistan ပြည်နယ် ရှိ ဗလီတစ်ခု တွင် IS အသေခံဗုံးခွဲသမားကြောင့် အနည်းဆုံးလူ ၅၂ဦးသေဆုံးခဲ့ပြီး ၁၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117