Connect with us

Politics, Law & Military

မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် တရားခံပြေးကြေညာထားသူ နဂါးလေး မောင်းပြေးသွားသော ကားအား ဒဂုံဆိပ်ကမ်းမြို့နယ်တွင်း ရှာဖွေတွေ့ရှိ

တရားခံ မောင်းပြေးသော မော်တော်ယာဉ်အား ကျည်ဆံရာများနှင့်အတူ ရှာဖွေတွေ့ထားစဉ် (ဓာတ်ပုံ-Yangon Police)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် တရားခံပြေးကြေညာထားသူ နဂါးလေးအား ယမန်နေ့က ရဲတပ်ဖွဲ့မှ ဖမ်းဆီးစဉ် ပြန်လည်ခုခံကာ မောင်းပြေးသွားသော ကားအား ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျည်စုအနောက်ကွင်းအနီး ရှာဖွေတွေ့ရှိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

“ရဲတွေက သေနတ်နဲ့ ကားကို ဝိုင်းပစ်ဖမ်းပေမယ့် သူ့က အကုန်တိုက်ပြီးမောင်းပြေးတာ၊ ညတွင်းချင်းပဲ ကားကို ရှာတွေ့ပါတယ်၊ သူကိုတော့ မဖမ်းမိသေးပါ၊ တရားခံကို ဖမ်းမိရေး ဆက်လက်လုပ်ဆောင်နေပါတယ် ”ဟု ဒဂုံတောင်မြို့နယ်ရှိ ရဲမှူးတစ်ဦးက ပြောကြားသည်။

အဆိုပါတရားခံပြေးမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမယ(ပ)၁၃/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁/ကျင့် ၅၁၂၊ လမ်းမတော်မြို့မရဲစခန်း(ပ)၉/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၈၆/၃၂၃/၁၁၄/ကျင့် ၅၁၂အမှုမှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ နဂါးလေး(ခ)အောင်နိုင်မြင့်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်အတွင်း ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေ ၅နာရီ ၂၅ မိနစ်ခန့်တွင် တရားခံပြေး နဂါးလေးအား ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံ ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း တရားခံသည် လက်ရှိချိန်ထိ ထွက်ပြေးလွတ် မြောက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117