ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ်ရှိ ညောင်ချောင်းသာကမ်းခြေ၌ အပန်းဖြေရန် လာရောက်သူ များပြားသဖြင့် ယင်းနေရာများတွင် ဈေးဆိုင်ပေါင်း ၁ဝဝ ကျော် ဖွင့်လှစ်ရောင်းချနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ညောင်တုန်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဂျကာတာ၊ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရေပြင်၌ ခရီးသည် ၂ဝဝ ကျော်လိုက်ပါလာသော ကူးတို့ရေယာဉ် တစ်စင်းသည် ယနေ့( ဇန်နဝါရီလ ၁ရက်) တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လှေပေါ်လိုက်ပါလာသူများအနက် ၂၃ ဦးသေဆုံးပြီး ၂ဝ ဦးထိခိုက်ဒဏ်ရာရကာ ၁၇ ဦးပျောက်ဆုံးလျက် ရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီက ဆိုသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) နိုင်ငံတကာ မြို့ကြီးများ၌ ဖောက်လုပ်ထားသော မြေအောက်ရထားလမ်းနှင့် ကားလမ်းများကဲ့သို့ ရန်ကုန်မြို့၌လည်း ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး ကပြောသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရန်ကုန် စတော့အိတ်ချိန်း၏ စတုတ္ထမြောက် စာရင်းဝင် ကုမ္ပဏီ ဖြစ်လာမည့် ပထမ ပုဂ္ဂလိက ဘဏ်၏ ရှယ်ယာများကို ဇန်နဝါရီ ၂ဝ ရက်တွင် စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရန်ကုန် စတော့အိတ်ချိန်း၏ ထုတ်ပြန်ချက်အရသိရသည်။
လန်ဒန် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရန်ကုန်-မော်လမြိုင်ရထားလမ်း ကိုးချောင်းဆက်သံလမ်းများဖြင့် ပြောင်းလဲ တပ်ဆင်ပြီးစီးပါက လက်ရှိပြေးဆွဲချိန်များ လျှော့ချနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှတာဝန်ရှိ သူတစ်ဦးက ပြောသည်။
ဘဂ္ဂဒတ် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်၌ ဒီဇင်ဘာလ ၃၁ ရက်ညပိုင်းက နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲကျင်းပနေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စုစုပေါင်း သေဆုံးသူ ၃ဝ ဦး နှင့် ဒဏ်ရာရရှိသူ ၅၉ ဦးထိ ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)နိုင်ငံတော် သမ္မတဦးထင်ကျော် နှင့် နိုင်ငံခေါင်းဆောင်များသည် ၂၀၁၇ နှစ်သစ်ကူး ဆုမွန်တောင်း စကားများ ၊ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြသည်။
ဆစ်ဒနီ ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)
အစ္စတန်ဘူလ် ၊ ဇန်နဝါရီ ၁ရက် (ဆင်ဟွာ)တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ နာမည်ကျော်နိုက်ကလပ်တစ်ခုတွင် ၂ဝ၁၇ခုနှစ် ဇန်နဝါရီလ ၁ ရက် နံနက်အစောပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူပေါင်း ၃၅ ဦးသေဆုံးပြီး အခြား ၄ဝ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း အစ္စတန်ဘူလ်မြို့တော်ဝန် Vasip Sahin က ပြောသည်။