Connect with us

Science & Technology

ရန်ကုန်-မော်လမြိုင်ရထားလမ်း ကိုးချောင်းဆက်သံလမ်းများဖြင့် ပြောင်းလဲ ပြီးပါက လက်ရှိပြေးဆွဲချိန်များ လျှော့ချနိုင်မည်

ရထားလမ်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ရန်ကုန်-မော်လမြိုင်ရထားလမ်း ကိုးချောင်းဆက်သံလမ်းများဖြင့် ပြောင်းလဲ တပ်ဆင်ပြီးစီးပါက လက်ရှိပြေးဆွဲချိန်များ လျှော့ချနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှတာဝန်ရှိ သူတစ်ဦးက ပြောသည်။

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း အရှည်မှာ ၁၇၆ မိုင်ရှိပြီး ကိုးချောင်းဆက်သံလမ်းများဖြင့် ပဲခူးမှ မော်လမြိုင်အထိ ပြောင်းလဲ တပ်ဆင်ပြီးပါက ရထားပြေးဆွဲ မှုမှာ ပိုမိုငြိမ့်ညောင်း သွားလာနိုင် မည်ဖြစ်သည့်အပြင် မိုင်နှုန်းကိုလည်း ပို၍တိုးမြှင့် မောင်းနှင်နိုင် မည်ဖြစ်ရာ ရထားပြေးဆွဲချိန်အား လက်ရှိပြေးဆွဲအချိန် ၉ နာရီခွဲမှ ၆ နာရီခွဲခန့် သို့ နှစ်နှစ်အတွင်း ပြေးဆွဲချိန်လျှော့ချနိုင် မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.