Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတဦးထင်ကျော် နှင့် နိုင်ငံခေါင်းဆောင်များသည် ၂၀၁၇ နှစ်သစ်ကူး ဆုမွန်တောင်း စကားများပြောကြား

(၁)နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား ပြောကြားနေစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတဦးထင်ကျော် နှင့် နိုင်ငံခေါင်းဆောင်များသည် ၂၀၁၇ နှစ်သစ်ကူး ဆုမွန်တောင်း စကားများ ၊ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြသည်။

နိုင်ငံတော်သမ္မတဦးထင်ကျော်က နှစ်သစ်မင်္ဂလာအခါသမယမှာ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ နိုင်ငံတော်အစိုးရအနေ နှင့် ၂၀၁၆ ခုနှစ်အတွင်း တာဝန်ယူခဲ့သည့် (၉) လတာကာလတစ်လျှောက်အတွင်း ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင် စုဖြစ်ပေါ်ရေး၊ ပြည်သူတို့ရဲ့ လူနေမှုဘဝများ တိုးတက်မြင့်မားရေးတို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း နှစ်သစ်ကူး နှှုတ်ခွန်းဆက်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားစဉ် (ဓာတ်ပုံ– M.O.I)

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားစဉ် (ဓာတ်ပုံ– M.O.I)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှစ်သစ်ကူူးနှုတ်ခွန်းဆက်စကား ပြောကြားစဉ် (ဓာတ်ပုံ– M.O.I)

သမ္မတဦးထင်ကျော်က “၂၁ရာစုပင်လုံညီလာခံကအစပြုပြီး တိုင်းရင်းသားပြည်သူအများ လိုလားတောင့်တတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိတာ အများအသိပဲဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီစနစ်ဟူသည် အများပြည်သူတို့ရဲ့ ပူးပေါင်းပါဝင်မှုဖြင့်သာ အောင်မြင်နိုင်တာဖြစ်လို့ အခုလို ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာလည်း နိုင်ငံသူ နိုင်ငံသားအားလုံးတို့က ဒီမိုကရေစီစိတ်ဓာတ် ပြည့်ဝစွာနဲ့ တက်ညီလက်ညီ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။’’ နှုတ်ခွန်းဆက်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိပြီး ငြိမ်းချမ်းရေးရရှိသည်နှင့်အမျှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဘက်ဘက်က လျင်မြန်စွာဖွံ့ ဖြိုးတိုးတက်ပြီး အဲဒီအသီးအပွင့်တွေကို တိုင်းရင်းသားပြည်သူအားလုံး မျှမျှတတ ခံစားရပါစေလို့ ဆုတောင်း မေတ္တာပို့သအပ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ၎င်း၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယခုနှစ်သစ်ဟာ နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းတွေ သယ်ဆောင်လာမှာဖြစ်သလို စိန်ခေါ်မှုတွေကိုလည်း မျှော်လင့်ထားကြရဦးမှာ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းခြင်းဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်တာနဲ့အညီ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး ကို ပြည်သူအားလုံးက စည်းလုံးညီညွတ်မှုဖြင့် ဝိုင်းဝန်းတည်ဆောက်ကြဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော်ကြီး တည်ဆောက်ရေးမှာ အားလုံးပါဝင်ကူညီကြဖို့ နှိုးဆော် အပ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား တွင် ထည့်သွင်းပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “၂၀၁၇ ခုနှစ်ကာလမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင် စုနိုင်ငံကြီး ပေါ်ထွန်းရေးတို့အတွက် တပ်မတော်အနေနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဒါတွေအားလုံးကိုလည်း ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်၊ နိုင်ငံတော်ကြီး ဖွံ့ ဖြိုး တိုးတက်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးပါလို့လည်း နှိုးဆော် လိုပါတယ်၊ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းအပ်ပါတယ်’’ ဟု နှစ်သစ်ကူး ဆုတောင်းစကားပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တို့မှလည်း မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ခရစ်နှစ် ၂၀၁၇ ခုနှစ်မှစ၍ သာယာချမ်းမြေ့သော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ ကြောင်း နှစ်သစ်ကူး ဆုတောင်းစကားများ ပြောကြားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117