Connect with us

Science & Technology

ရန်ကုန်မြို့၌ နိုင်ငံတကာ နည်းတူ မြေအောက် ရထားလမ်းနှင့် ကားလမ်းများ ဖောက်လုပ်မည်

ဆူးလေဘုရားအနီးရှိ ရန်ကုန်မြို့၏ ညမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

နိုင်ငံတကာ မြို့ကြီးများ၌ ဖောက်လုပ်ထားသော မြေအောက်ရထားလမ်းနှင့် ကားလမ်းများကဲ့သို့ ရန်ကုန်မြို့၌လည်း ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး ကပြောသည်။

အဆိုပါ ဖောက်လုပ်မှု အတွက် Master Plan ရေးဆွဲထားကြောင်း၊ ယင်းအတွက် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်စေရန် အနှစ် ၂ဝ၊ ၂၅ နှစ် ရေရှည် စီမံကိန်းများ ရေးဆွဲထား သကဲ့သို့ မြေအောက်လမ်းများ ဖောက်လုပ်ရာတွင် မြစ်ဖြတ်ကားလမ်း ဖောက်လုပ်မည့် နေရာ၊ မြေပေါ် မီးရထားလမ်းများနှင့် မြေအောက် ကွန်ရက်များ ချိတ်ဆက်မည့် နေရာများ တည်ဆောက်ရာတွင် ဘူမိ အင်ဂျင်နီယာ နည်းပညာ အသုံးပြုမည် ဖြစ်ကြောင်း၊ ယင်း နည်းပညာကို အသုံးပြု၍ ရန်ကုန်မြို့၏ လက်ရှိ အခြေအနေကို ပကတိ အရှိအတိုင်း ကွန်ပျူတာဖြင့် ပုံစံငယ် ရေးဆွဲပြီး ဖြစ်ကြောင်း သိရသည်။
ယင်းအတွက် Master Plan တွင် မြေအောက်လမ်းများ ဖောက်လုပ်ရာ၌ ဆောင်ရွက်ရမည့် အချက်များ၊ မြေပေါ်ရှိ ဥပမာ- အဆောက်အအုံများနှင့် လွတ်ကင်းမှု ရှိ၊ မရှိ စသည်ဖြင့် နှစ်ရှည် စီမံကိန်း ကြိုတင်ရေးဆွဲ ထားခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့သည် လူဦးရေ ၁ဝ သန်းခန့် ဖြစ်လာနိုင်မည် ဆိုပါက လမ်းများ မလုံလောက်ခြင်းနှင့် သွားလာရေးများ ခက်ခဲလာနိုင်သည့် အတွက် မိုးပျံလမ်းများနှင့် မြေအောက်လမ်းများ ဖောက်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
ထိုကဲ့သို့ စီစဉ်ထားမှုတွင် ရထားလမ်းပိုင်းများကို မြေအောက် ရထားလမ်း (Sub-way) များ ဖောက်လုပ်မည် ဖြစ်ပြီး ကားလမ်းများအတွက် မြေအောက် ဥမင်လိုဏ်ခေါင်းများ (Long Tunnel) ဖောက်လုပ် ဆက်သွယ်သွားမည် ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.