Connect with us

Eastern Europe

နှစ်သစ်ကူးညမှာ အစ္စတန်ဘူလ်ရှိ နိုက်ကလပ်တစ်ခု အကြမ်းဖက်ခံရ ၃၅ ဦးသေဆုံး

နယူးရီးယားည အစ္စတန်ဘူလ်မြို့ ၌ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စတန်ဘူလ် ၊ ဇန်နဝါရီ ၁ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ နာမည်ကျော်နိုက်ကလပ်တစ်ခုတွင် ၂ဝ၁၇ခုနှစ် ဇန်နဝါရီလ ၁ ရက် နံနက်အစောပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူပေါင်း ၃၅ ဦးသေဆုံးပြီး အခြား ၄ဝ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း အစ္စတန်ဘူလ်မြို့တော်ဝန် Vasip Sahin က ပြောသည်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကို သေနတ်သမားတစ်ဦးက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Sahin က ဆိုသည်။
နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ ကျင်းပရန် လူပေါင်း ၄ဝဝ ခန့်သည် အခင်းဖြစ်နေရာ၌ စုဝေးရောက်ရှိနေပြီး ၎င်းလူအုပ်ကြီးထဲသို့အကြမ်းဖက်တိုက်ခိုက်မှုမပြုလုပ်ခင်မှာပင် သေနတ်သမားက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ လုံခြုံရေးဆိုင်ရာ အကဲခတ်တစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။
သေနတ်သမားသည် လူအုပ်ကြီးထဲကို အချက်ပေါင်းများစွာ ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ၎င်းအကဲခတ်က ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.