ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်းသည် ၈.၃ ရာခိုင်နှုန်းအထိ တိုးတက်နိုင်ပြီး၊ ငွေကြေး ဖောင်းပွမှုနှုန်းသည် ၈.၄ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း အာရှဖွံ့ဖြိုးမှုဘဏ် (ADB) ယနေ့ထုတ်ပြန်သော စီးပွားရေးဆိုင်ရာ အစီရင်ခံစာတွင် ပါရှိသည်။
ပဲရစ်၊ မတ်၂၄ ရက် (ဆင်ဟွာ) ပျက်ကျခဲ့သည့် ဂျာမနီလေယာဉ်မှ လေယာဉ်မှူး အခန်းတွင် စကားပြောဆိုမှုများ ဖမ်းယူသည့် မှတ်တမ်းသေတ္တာ Black Box တစ်လုံးကို ပြင်သစ် ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာ များတွင် မတ်လ (၂၄) ရက်က ဖော်ပြထားသည်။
ပေကျင်း ၊ မတ် ၂၄ ရက် (ဆင်ဟွာ) ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံမှ အရာရှိပေါင်း ၁.၅ မီလီယံသည် ၎င်းတို့၏ ပုဂ္ဂလိက ပိုင်ဆိုင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို တရုတ်ကွန်မြူနစ် ပါတီ (CPC) သို့အစီရင်ခံ တင်ပြခဲ့ကြောင်း သိရသည်။
ဟနွိုင်း ၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဗီယက်နမ်တွင် ၂၀၁၅ ခုနှစ်အတွင်း၌ ပထမဆုံးအကြိမ် လူသို့် ကြက်ငှက် တုပ်ကွေး ကူးစက် ပျံ့ပွားမှုကို ရှာဖွေ တွေ့ရှိထားသည်ဟု ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာန အထွေထွေ ကာကွယ်တားဆီးရေး ဆေးပညာ ဌာန (GDPM) မှ...
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ ဆွေးနွေးနေသော တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) မူကြမ်း ဆွေးနွေးပွဲကို တစ်ပတ်ခန့် ယာယီ ရပ်နားမည်ဖြစ်ကြောင်းနှင့် မတ်လ (၃၀) ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အာဏာခွဲဝေခြင်းနှင့် ပတ်သက်၍ တပ်မတော်မှ ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းခဲ့ခြင်းသည် လက်ရှိဆွေးနွေးနေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ကောင်းသည့် ရလဒ်ထွက်လာနိုင်ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တချို့က မှတ်ချက်ပေးသည်။
ရန်ကုန်၊ မတ်၂၀ ရက် (ဆင်ဟွာ) ပုပ္ပားတောင်မကြီးတွင် မတ်လ ၁၃ ရက် ကတည်းက တောမီးလောင်ကျွမ်းခဲ့ရာ ယနေ့ ၈ ရက်ကြာသည်အထိ ဆက်လက်လောင်ကျွမ်းဆဲဖြစ်ပြီး ယခုမီးလောင်မှုသည် ပုပ္ပါးတောင် အတွက် အကြီးကျယ်ဆုံး မီးလောင်မှုတစ်ခုဖြစ်သည်ဟု ပုပ္ပါးတောင် ချစ်သူများအသင်းမှ ဦးကျော်ဝင်းဆွေက ဆင်ဟွာသို့ ပြောသည်။
ရန်ကုန်၊ မတ်၂၀ ရက် (ဆင်ဟွာ) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သူများ၏ ကျင့်ဝတ်နှင့် ပက်သက်၍ ယနေ့ ကြေညာချက ်ထုတ်ပြန် လိုက်သည်။
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ- တရုတ်နယ်စပ်တွင် ဖြစ်ပေါ်နေသော ကိုးကန့်နှင့် တပ်မတော် တိုက်ပွဲများနှင့် ပတ်သတ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ သီးသန့် ဆွေးနွေးရန်...
ပေကျင်း ၊ မတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အိမ်အရောင်းအဝယ် ဈေးကွက်အားနည်းနေပြီး အိမ်အသစ် ဈေးနှုန်းများလည်း ဇန်နဝါရီလနှင့် ယှဉ်လျှင် ဖေဖော်ဝါရီလတွင် မြို့တော်တော်များများ၌ ကျဆင်းနေကြောင်း သုတေသန ပြုလုပ်မှု များအရ သိရသည်။