Connect with us

North America

နယူးယောက်တက္ကသိုလ် ဆေးပညာစင်တာ၌ မီးလောင်မှုဖြစ်ပွား

မီးလောင်မှုဖြစ်ပွားနေသည့် နယူးယောက်တက္ကသိုလ် ဆေးပညာစင်တာအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးယောက်၊ ဒီဇင်ဘာ ၁၅ရက် (ဆင်ဟွာ)

မန်ဟန်တန်မြို့နယ် အလယ်ရှိ နယူးယောက်တက္ကသိုလ် လန်ဂွန်းဆေးပညာစင်တာ တွင် ဒီဇင်ဘာ ၁၄ရက်က မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးခိုးငွေ့များအား ကီလိုမီတာပေါင်းများစွာ အကွာအဝေးမှပင် တွေ့မြင်ခဲ့ရကြောင်း သိရသည်။

NYU ဆေးပညာစင်တာ၏ ငါးထပ်မြောက်တွင် နေ့လည်ပိုင်းလောက်က မီးစတင်လောင်ကျွမ်းခဲ့ပြီး အဆိုပါအဆောက်အအုံအား အသစ်ပြန်လည်မွမ်းမံထားကြောင်း ဒေသခံ မီးသတ်ဋ္ဌာန ၏ပြောကြားချက်အရ သိရသည်။

ဖုန်းအမှတ်၉၁၁အား နေ့လည် ၁၂း၀၃နာရီတွင် ခေါ်ဆိုအကြောင်းကြားကြပြီးနောက် အခင်းဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့အား စေလွှတ်ခဲ့ကြောင်း နယူးယောက်မီးသတ်ဋ္ဌာနကပြောကြားခဲ့သည်။

မီးလောင်မှုအား ထိန်းချုပ်နိုင်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို မသိရသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.