Connect with us

Asia

ဗီယက်နမ်ဝန်ကြီးချုပ် နှင့် အမေရိကန်ရွေးကောက်ခံသမ္မတ တို့ဖုန်းဖြင့် ဆွေးနွေးခဲ့

ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Nguyen Xuan Phuc အားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Nguyen Xuan Phuc သည် အမေရိကန်နိုင်ငံရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ထံ တယ်လီဖုန်းဆက်သွယ်၍ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖုန်းဆက်သွယ်မှုအတွင်း Phuc က အမေရိကန်နိုင်ငံ၏ ၄၅ ယောက်မြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်ဟု ဗီယက်နမ်နိုင်ငံပိုင် VNA သတင်းဌာနက ဒီဇင်ဘာလ ၁၅ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

“အမေရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အလွန်အရေးပါသော ဆက်နွယ်မှုများရှိပါတယ်” ဟု Phuc က ဆိုသည်။

အမေရိကန်-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာအောင် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း နှင့် ဗီယက်နမ်နိုင်ငံသည် နှစ်ဖက်ဆက်ဆံရေးအပေါင်းလက္ခဏာ ဖွံ့ဖြိုးတိုးတက်စေရန် ယခင်ကတည်းက အောင်မြင်စွာစွမ်းဆောင်နိုင်ခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ပြန်လည်ပြောဆိုခဲ့သည်ဟု VNA ကသတင်းဖော်ပြခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် ၎င်းတို့၏ အမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း နှင့် အမေရိကန်နှင့်ဗီယက်နမ် နှစ်နိုင်ငံအကြား လာမည့် ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု ၊ ကုန်သွယ်မှု နှင့် စီးပွားရေးဖွံံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်မှုများအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.