Connect with us

Social, Education & Health

မကာအိုတွင် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး လူသို့ ကူးစက်မှု ပထမဆုံးအကြိမ် ဖြစ်ပွား

မကာအို ဈေးကွက်ရှိ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည့် ကြက်များအား ကျန်းမာရေး ဝန်ထမ်းများက ထုပ်ပိုးနေစဉ် (ဆင်ဟွာ)

မကာအို၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မကာအိုတွင် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ပထမဆုံးအကြိမ် ကြက်မှ လူကို ကူးစက်မှုအား တွေ့ရှိခဲ့ကြောင်းနှင့် ကပ်ရောဂါဖြစ်ပွားည်အထိ ကျယ်ပြန့်လာရန်အတွက်မူ အလားအလာ နည်းပါးကြောင်း အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ ကျန်းမာရေး အာဏာပိုင်များက ဒီဇင်ဘာလ ၁၄ ရက်က ပြောကြားလိုက်သည်။

ဒီဇင်ဘာလ ၁၄ ရက် အစောပိုင်းက ဥစားကြက် ဈေးကွက်မှ နမူနာ ကြက် တစ်ကောင်၌ H7N9 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် အဆိုပါ ဥစားကြက် ကုန်သည်အား ဆေးရုံတင်ထားကာ သီးသန့် ခွဲခြားထားလိုက်ကြောင်း၊ လက်ရှိအချိန်အထိ ရောဂါ လက္ခဏာများ မတွေ့ရသေးကြောင်း ကျန်းမာရေး ဗျူရိုက သတင်းထောက်များအား ပြောကြားလိုက်သည်။

စုံစမ်း စစ်ဆေးမှုများအရ အဆိုပါ ကုန်သည်နှင့် ဇနီးတို့သည် အခြားသူများနှင့် နီးကပ်စွာ ဆက်ဆံမှု မရှိခဲ့ကြောင်း၊ ထို့ကြောင့် ကပ်ရောဂါ အထိ ဖြစ်လာနိုင်ခြေ နည်းပါးကြောင်း အဆိုပါ ဗျူရိုက ပြောသည်။

ငှက် တုပ်ကွေး ဗိုင်းရပ်စ်ပိုး H7 တွေ့ရှိပြီးနောက် အဆိုပါ ကြက် အရှင်တင်သွင်းမှု အားလုံးကို တားမြစ်လိုက်ကြောင်း ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းက မကာအို ကျန်းမာရေး ဗျူရို၊ မြို့ပြနှင့် စည်ပင်သာယာရေးဆိုင်ရာ ဗျူရိုတို့ ပူးတွဲ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံမှ ဒေသခံ ဥစားကြက် ကုန်သည် တစ်ဦးနှင့် ဗင်ကားမောင်းသူ တစ်ဦးတို့ကိုလည်း စစ်ဆေးထားကြောင်း သိရသည်။ အဆိုပါ ကုန်သည်အား ဗိုင်းရပ်စ် စမ်းသပ်ရန်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်သွားခဲ့သည့် ယာဉ်မောင်းအား တရုတ်ပြည်မကြီး ကျန်းမာရေး ဋ္ဌာနသို့ သတင်းပို့ထားပြီးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.