ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်း ဒေသကြီး၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ မြေ ၂၂၄၈၆၁ ဧကကို သဘာဝနယ်မြေများ အဖြစ် တည်ထောင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) ပြည်တွင်း လေကြောင်း ခရီးစဉ်များ အသုံးပြုရန် နိုင်ငံတကာ အဆင့်မီ ပြည်တွင်း ခရီးသည် အဆောက်အဦ သစ်(T3)အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ယနေ့ဒီဇင်ဘာ ၅ ရက်တွင် ဖွင့်လှစ်လိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များ၌ နိုင်ငံ၏ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် ဥပဒေမဲ့လူသတ်၊ မုဒိမ်းကျင့်၊ မီးရှို့မှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato’ Sri (Dr.) Haji...
ရောမ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) အီတလီနိုင်ငံတွင် ဒီဇင်ဘာလ ၄ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ ကျောထောက်နောက်ခံပြုထားသော အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး ဆန္ဒခံယူပွဲ၌ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း အီတလီနိုင်ငံ ဝန်ကြီးချုပ် Matteo Renzi က...
နယူးဒေလီ၊ ဒီဇင်ဘာ ၅ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Rajasthan ပြည်နယ်တွင် ဒီဇင်ဘာ၄ရက်က ကားနှစ်စီး ပြင်းထန်စွာ တိုက်မိ၍ အနည်းဆုံး လူ ၈ဦးသေဆုံးပြီး အခြား ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင် မြို့ရှိ မြို့လယ်တံတား၌ ဒီဇင်ဘာ ၄ရက်နေ့ နံနက်ပိုင်းက TNT ယမ်းပြင်းများထည့်ထားသော သံပုံးတစ်လုံးဖြင့် ပြုလုပ်ထား သည့် ဒေသန္တရလုပ် မိုင်းဗုံးအား တွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့ရှိ မုံးကိုးတပ်စခန်းအား KIA၊TNLA၊ MNDAAနှင့်AA လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့ ၁၄ရက်ကြာတိုက်ခိုက်ခဲ့ရာမှ ဒီဇင်ဘာ ၄ရက်နေ့တွင် တပ်မတော်က အဆိုပါ မုံးကိုးမြို့အား ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်လိုက်သည်။
ဘန်ကောက် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးရေလျှံမှုဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိနေပြီး အနည်းဆုံးလူပေါင်း ၁၁ ဦးသေဆုံးကာ ၂ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသတွင်းသတင်းမီဒီယာများက ဒီဇင်ဘာလ ၅ ရက်တွင် ရေးသားဖော်ပြခဲ့ကြသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၅ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ချပ်ပြည်နယ် တွင် ပြုလုပ်ခဲ့သည့် မင်္ဂလာဆောင်တစ်ခု၌ ဧည့်သည်တစ်ဦး က ကချေသည် အမျိုးသမီးတစ်ဦးအား ၎င်း၏ အတူတွဲကရန် ငြင်းဆိုခဲ့သည့်အတွက် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၄ရက်တွင် ပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို၊ ဒီဇင်ဘာ ၅ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အို့ခ်လန်မြို့ ရှိ တာဝန်ရှိသူများက ဒီဇင်ဘာ ၂ရက်နေ့ညက ဖြစ်ပွားခဲ့သည့် ကုန်လှောင်ရုံမီးလောင်မှု ကြောင့် သေဆုံးသွားသူ ၃၃ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ ၄ရက်ကပြောကြားခဲ့သည်။