Connect with us

Local

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ပြည်တွင်း ခရီးသည် အဆောက်အဦသစ်(T3) ဖွင့်လှစ်

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ပြည်တွင်း ခရီးသည် အဆောက်အဦသစ်အား ယနေ့ ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

ပြည်တွင်း လေကြောင်း ခရီးစဉ်များ အသုံးပြုရန် နိုင်ငံတကာ အဆင့်မီ ပြည်တွင်း ခရီးသည် အဆောက်အဦ သစ်(T3)အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ယနေ့ဒီဇင်ဘာ ၅ ရက်တွင် ဖွင့်လှစ်လိုက်သည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ပြည်တွင်း ခရီးသည် အဆောက်အဦသစ်အား ဒီဇင်ဘာလ ၉ ရက်မှ စတင် အသုံးပြုသွားမည် ဖြစ်ပြီး ပြည်တွင်း လေကြောင်းလိုင်း ၁၀ လိုင်းမှ ပြည်တွင်းရှိ လည်ပတ်ရန် နေရာ ၂၆ နေရာသို့ချိတ်ဆက် သွားလာရာတွင် ပြည်တွင်း ခရီးသည် အဆောက်အဦသစ်သည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။ယခု ဖွင့်လှစ်လိုက်သည့် ပြည်တွင်း ခရီးသည် လေဆိပ် အဆောက်အဦသစ်သည် အလျား ၁၈၀ မီတာ ၊ အကျယ် ၅၆ မီတာရှိ သံကူ ကွန်ကရစ် ၄ ထပ် အဆောက်အဦ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း လေကြောင်း ခရီးသည် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး လုပ်ငန်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ပြည်တွင်း ခရီးသည် အဆောက်အဦသစ် တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၅ ခုနှစ် မေလတွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ရေး စီမံကိန်း အတွက် တင်ဒါ အောင်မြင်ထားသည့် Yangon Aerodrome Co.,Ltd သည် ပြည်ပ ခရီးသည် လေဆိပ် အဆောက်အဦသစ် အပါအဝင် ပြည်တွင်း ခရီးသည် လေဆိပ် အဆောက်အဦသစ် တိုးချဲ့တည်ဆောက်ခြင်း ၊ လေယာဉ် ရပ်နားရာ နေရာများ တိုးချဲ့တည်ဆောက်ခြင်း ၊ ကားရပ်နား နေရာများနှင့် လေဆိပ် အဝင်လမ်းအား ၆ လမ်းသွား အဖြစ် တိုးချဲ့တည်ဆောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ပြည်တွင်း ခရီးသည် အဆောက်အဦသစ်(T3) ဖွင့်ပွဲ အခမ်းအနားတွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ၂၀၁၁ ခုနှစ် နောက်ပိုင်းမှ စပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်များကို ပြည်တွင်း/ပြည်ပ နိုင်ငံများမှ စိတ်ဝင်စားသူ ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင် ရင်းနှီးမြှုပ်နှံဆောင်ရွက် နိုင်ရန် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများနှင့် အညီ အကြို အရည်အချင်း ဆန်းစစ်ခြင်း ၊ တင်ဒါ စနစ်ဖြင့် စိစစ် ဆောင်ရွက်ခြင်းဖြင့် စနစ်တကျ ရွေးချယ် ဆောင်ရွက်ခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ဝငိထွက် သွားလာနေကြပြီး တစ်နေ့တစ်ခြား တိုးတက် များပြားလာနေသည့် ပြည်တွင်း ပြည်ပ ခရီးသည်များ အတွက် အခြားသော နိုင်ငံတကာ လေဆိပ်များ နည်းတူ အဆင့်မြင့် ဝန်ဆောင်မှုများ တိုးတက် ဖြည့်ဆည်း ပေးနိုင်တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ဝင်/ထွက် သွားနေသည့် ခရီးသည် ဦးရေသည် ၂၀၁၄ ခုနှစ် အတွင်း ပြည်ပ ခရီးသည် ၂,၉၁၅,၆၆၈ သန်း ၊ ပြည်တွင်း ခရီးသည် ၁,၄၇၉,၁၄၇ သန်းခန့်ထိ တိုးတက်လျက် ရှိရာ လက်ရှိ လေဆိပ် အဆောက်အဦ အနေဖြင့် အသုံးပြုနိုင်မည့် ခရီးသည် ဦးရေ ၂.၇ သန်းကို ကျော်လွန်လာပြီ ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117