ဒါကာ၊ နိုဝင်ဘာ ၇ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမြို့ရှိ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် နိုဝင်ဘာ ၆ရက် က ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေး ဝန်ထမ်းတစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် အစိမ်းရောင်ဖွံ့ဖြိုးမှု နှင့် သန့်စင်သော စွမ်းအင်ရရှိရေး အစီအစဉ်ကိုတိုးချဲ့ဆောင်ရွက်ခြင်းအစီအစဉ်တစ်ရပ်အနေဖြင့် လာမည့် ၂ဝ၂ဝပြည့်နှစ်တွင် နျူကလီးယားစွမ်းအင်ကီလိုဝပ် ၅၈ သန်းကို ထုတ်ယူသုံးစွဲသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံစွမ်းအင်ထိန်းသိမ်းရေးအဖွဲ့က နိုဝင်ဘာလ ၇ ရက်တွင် ကြေညာလိုက်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ နမ့်လန်ဈေးကြီးအား နိုဝင်ဘာ ၆ရက်နေ့က မီးလောင်မှုတွင် ဆိုင်ခန်း ၅၀၀ကျော် မီးလောင်ကျွမ်းပြီး ကျပ်သိန်း ၂၀၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း နမ့်လန်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
တီဟီရန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ Samarra မြို့ရှိ ကားပါကင်တစ်ခုတွင် နိုဝင်ဘာ ၆ရက်က အီရန်ဘုရားဖူးများအား အသေခံတိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ အီရတ်နိုင်ငံသား ၁၀ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းဋ္ဌာန ကဖော်ပြခဲ့သည်။
ကွမ်ကျိုး ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ဂွန်ဒေါင်းပြည်နယ် ဇူဟိုင်း(Zhuhai) မြို့၌ ကျင်းပပြုလုပ်ခဲ့သော (၁၁) ကြိမ်မြောက် တရုတ်နိုင်ငံတကာလေယာဉ်ပျံသန်းမှု နှင့်လေကြောင်း ပြပွဲတွင် အမေရိကန်ဒေါ်လာ ၄ဝ ဘီလီယံတန်ဖိုးရှိ လေကြောင်းဆိုင်ရာ အရောင်းအဝယ်ပြုလုပ်မှု စုစုပေါင်း ၄ဝ၂ ခုကို သဘောတူညီမှုရရှိခဲ့ကြောင်း ပွဲစီစဉ်သူများက...
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ အုပ်စု၊ နမ့်လန်ဈေးတွင် ယနေ့ညနေ (၆း၂၀)နာရီအချိန်တွင် စတင်လောင်ကျွမ်းခဲ့သည့် မီးလောင်ကျွမ်းမှုသည် ည၉ နာရီတွင် မီးငြိမ်းသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဆင်ဟွာကိုပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) မြန်မာအမျိုးသမီး ကွင်းလယ်ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးသည် ပါပူအာနယူးဂီနီ နိုင်ငံ၌ကျင်းပမည့် ၂ဝ၁၆ ယူ-၂ဝ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ တာဝန်ထမ်းဆောင်ရန် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ယနေ့မြန်မာစံတော်ချိန် (၁၁း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင် (၁၂၀)ခန့်နှင့် ခီပူပါရာမြို့၏ တောင်-အရှေ့တောင်ဘက် မိုင် (၉၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးဇလမှ...
ဆန်တီယာဂို ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းဌာနတည်ထောင်ခြင်း ၈၅ နှစ်မြောက်အခမ်းအနားသို့ ချီလီနိုင်ငံသမ္မတ Michelle Bachelet နှင့်ကော်စတာရီကာနိုင်ငံသမ္မတ Luis Guillermo Solis တို့က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာကို အသီးသီးပေးပို့ခဲ့ကြကြောင်း သိရသည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၆ရက် (ဆင်ဟွာ) တစ်ရက်လျှင် ဆေးလိပ် တစ်ဘူးသောက်သုံးသူများသည် နှစ်စဉ် ၎င်းတို့၏ အဆုတ်အတွင်း ပျမ်းမျှအားဖြင့် ဗီဇပြောင်းလဲမှု ၁၅၀ကျော်ဖြစ်ပွားကြောင်း လေ့လာတွေ့ရှိမှုအသစ်တစ်ခုအရ သိရပြီး အဆိုလေ့လာချက်သည် ဆေးလိပ်သောက်သုံးသူများ အဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း မည်မျှမြင့်တက်မှုရှိသည်ကို ရှင်းပြရာ၌ အထောက်အကူပြုကြောင်း သိရသည်။