Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ လေကြောင်းပြပွဲမှ အမေရိကန်ဒေါ်လာ ၄ဝ ဘီလီယံတန်ဖိုးရှိ အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့

တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်ထားသော J-20 ကိုယ်ပျောက်တိုက်လေယာဉ်တစ်စင်းအား လေကြောင်းပြပွဲတွင်တွေ့ ရစဉ်(ဆင်ဟွာ)

ကွမ်ကျိုး ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ဂွန်ဒေါင်းပြည်နယ် ဇူဟိုင်း(Zhuhai) မြို့၌ ကျင်းပပြုလုပ်ခဲ့သော (၁၁) ကြိမ်မြောက် တရုတ်နိုင်ငံတကာလေယာဉ်ပျံသန်းမှု နှင့်လေကြောင်း ပြပွဲတွင် အမေရိကန်ဒေါ်လာ ၄ဝ ဘီလီယံတန်ဖိုးရှိ လေကြောင်းဆိုင်ရာ အရောင်းအဝယ်ပြုလုပ်မှု စုစုပေါင်း ၄ဝ၂ ခုကို သဘောတူညီမှုရရှိခဲ့ကြောင်း ပွဲစီစဉ်သူများက နိုဝင်ဘာလ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

နိုဝင်ဘာလ ၁ ရက် မှ ၆ ရက်အထိ ၆ ရက်ကြာပြုလုပ်ခဲ့သော လေကြောင်းပြပွဲတွင် နိုင်ငံပေါင်း ၄၂ နိုင်ငံနှင့်ဒေသများမှ ပါဝင်ပြသသည့် ကုမ္ပဏီပေါင်း ၇ဝဝ ကျော်ရှိကြောင်း နှင့် လာရောက်ကြည့်ရှု့သူပေါင်း ၄ သိန်းခန့်ရှိကြောင်း သိရသည်။

၎င်းပြပွဲတွင် လေယာဉ်အမျိုးအစားပေါင်း ၁၅၁ မျိုးပြသခဲ့ပြီး နည်းပညာအရ အလွန်ရှေ့တန်းရောက်နေသော တရုတ်နိုင်ငံထုတ် J-20 ကိုယ်ပျောက်တိုက်လေယာဉ်လည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ပြပွဲမှတဆင့် လေယာဉ်အစီးပေါင်း ၁၈၇ စီးကို ဝယ်သူများက မှာယူခဲ့ကြပြီး၊ စီးပွားဖြစ် လေယာဉ်ထုတ်လုပ်မှုဆိုင်ရာ တရုတ်ပူးပေါင်းဆောင်ရွက်မှုအဖွ ဲ့(COMAC) က အများဆုံးရောင်းချခဲ့ရကြောင်းသိရသည်။ ဝယ်သူတစ်ဦးက ARJ21-700 ဂျက်လေယာဉ်အမျိုးအစား အစီးရေ ၄ဝ ကို မှာယူခဲ့ကြောင်း နှင့် အခြားနှစ်ဦးက ခရီးသည် ၅၆ ဦးလိုက်ပါစီးနင်းနိုင်သည့် C919 အမျိုးအစားလေယာဉ်ကို မှာယူခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.