Connect with us

Science & Technology

၂ဝ၂ဝပြည့်နှစ်တွင် တရုတ်နိုင်ငံ၌ နျူကလီးယားစွမ်းအင် ကီလိုဝပ် ၅၈ သန်း အသုံးပြုရန်ရည်မှန်းထား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Liaoning ပြည်နယ်ရှိ Hongyanhe ကုမ္ပဏီမှ တည်ဆောက်နေသော နျူကလီးယားစွမ်းအင်စက်ရုံအားတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် အစိမ်းရောင်ဖွံ့ဖြိုးမှု နှင့် သန့်စင်သော စွမ်းအင်ရရှိရေး အစီအစဉ်ကိုတိုးချဲ့ဆောင်ရွက်ခြင်းအစီအစဉ်တစ်ရပ်အနေဖြင့် လာမည့် ၂ဝ၂ဝပြည့်နှစ်တွင် နျူကလီးယားစွမ်းအင်ကီလိုဝပ် ၅၈ သန်းကို ထုတ်ယူသုံးစွဲသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံစွမ်းအင်ထိန်းသိမ်းရေးအဖွဲ့က နိုဝင်ဘာလ ၇ ရက်တွင် ကြေညာလိုက်သည်။

တရုတ်နိုင်ငံအစိုးရသည် နျူကလီးယားစွမ်းအင် ကီလိုဝပ် ၃ဝသန်း ခန့်ကိုအသုံးပြုသွားဖွယ်ရှိကြောင်း နှင့် ကီလိုဝပ် ၃ဝ သန်း ကျော်ကို ထုတ်ယူနိုင်ရန် လာမည့် ၅ နှစ်အတွင်း တည်ဆောက်ရေး အစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံအမျိုးသားစွမ်းအင်စီမံခန့်ခွဲမှု နှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှု နှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် မှ ထုတ်ပြန်သော ၁၃ကြိမ်မြောက် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ၅ နှစ်စီမံကိန်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ၂ဝ၂ဝပြည့်နှစ်တွင် စွမ်းအင်လိုအပ်ချက်မှာ ကီလိုဝပ် ၆.၈ ထရီလီလံ မှ ၇.၂ ထရီလီယံ ရှိမည်ဟု ခန့်မှန်းထားကြောင်း ဖွံ့ဖြိုးမှု အလယ်အလတ်ရှိ နိုင်ငံများ၏ စွမ်းအင်အသုံးပြုမှု အဆင့်နှင့် အနီးစပ်ဆုံး အနေအထားတွင် ရှိနေကြောင်းသိရသည်။

တရုတ်နိုင်ငံတွင် ရုပ်ကြွင်း လောင်စာမဟုတ်သော စွမ်းအင်အသုံးပြုမှုကို အမြင့်ဆုံး အခန်းကဏ္ဍတွင် ထားရှိ အသုံးပြုသွားရန် အစိုးရက ရည်မှန်းထားပြီး ၂ဝ၂ဝပြည့်နှစ်ကုန်ပိုင်းတွင် နိုင်ငံ့စွမ်းအင်အသုံးပြုမှု၏ ၁၅ ရာခိုင်နှုန်းအထိ သုံးစွဲသွားရန် ရည်မှန်းထားသည်။

ရေအားလျှပ်စစ် ၊ လေစွမ်းအင် နှင့် ဆိုလာစွမ်းအင်များမှ ကီလိုဝပ် ၃၄ဝ သန်း ၊ ၂၁ဝ သန်း နှင့် ၁၁ဝ သန်း အသီးသီးရရှိရန် တရုတ်နိုင်ငံက ရည်မှန်းထားသည်။ တစ်ချိန်တည်းမှာပင် ကျောက်မီးသွေးလောင်စာကို ကီလိုဝပ် ၁.၁ ဘီလီယံ အထိ ကန့်သတ်သွားရန် နှင့် ၂ဝ၂ဝ ပြည့်နှစ်တွင် သဘာဝဓာတ်ငွေ့ကို သန်း ၁၁ဝ ကီလိုဝပ်အထိ ထုတ်ယူနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ဒေသတွင်း စွမ်းအင်ထောက်ပံ့မှု မညီမျှ ဖြစ်နေခြင်းကို စွမ်းအင် စီးဆင်းမှု လျင်မြန်ကောင်းမွန်လာစေရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း နှင့် စွမ်းအင်ဈေးကွက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို မြှင့်တင်ရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ဖွံ့ဖြိုးရေးအစီအစဉ်များအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.