Connect with us

Africa & Middle East

အီရတ်တွင် အသေခံ တိုက်ခိုက်မှုကြောင့် အီရန် ဘုရားဖူး ၁၀ဦးသေဆုံး

အီရတ်နိုင်ငံ တွင်ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးခွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ Samarra မြို့ရှိ ကားပါကင်တစ်ခုတွင် နိုဝင်ဘာ ၆ရက်က အီရန်ဘုရားဖူးများအား အသေခံတိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ အီရတ်နိုင်ငံသား ၁၀ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းဋ္ဌာန ကဖော်ပြခဲ့သည်။

IRNA ၏ ကနဦးသတင်းဖော်ပြချက်များအရ သေဆုံးသူ အီရန်ဘုရားဖူး ၇ဦး ရှိပြီး အီရန်နိုင်ငံသား ၆၁ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နောက်ထပ်ဆေးကုသမှုရန် လိုအပ်သည့် ဒဏ်ရာရရှိသူ အချို့အား အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်မြို့သို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း Samarra မြို့ ဘာသာရေးကျောင်းတော်များ ပြန်လည်ပြုပြင်ရေး အီရန်နိုင်ငံကိုယ်စားလှယ် Mousa Esmaeili က IRNA သို့ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ ရှိ အီရန်သံရုံးမှ သံတမန်အဖွဲ့များသည် ဒဏ်ရာရရှိသူများအား အီရန်နိုင်ငံသို့ ရွှေ့ပြောင်းပေးရန် Samarra မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ Bahram Qasemi က အီရတ်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၆ရက် အကြမ်းဖက်မှုအား ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အီရန်နိုင်ငံသည် အီရတ်နိုင်ငံ နှင့် နိုင်ငံသားများ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၌ ၎င်းတို့နှင့် အတူ ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ Salahudin ပြည်နယ် တွင် နိုဝင်ဘာ ၆ရက်က ဗုံးပေါက်ကွဲမှု နှစ်ခု နှင့် သေနတ်ပစ်ခတ်မှု များကြောင့် အီရန်ဘုရားဖူးများအပြင် လူ ၄၃ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ လုံခြုံရေး သတင်းရင်းမြစ်တစ်ခု က ဆင်ဟွာသို့ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117