ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ၂ဝ၄ဝ ပြည့်နှစ်အတွက် ရည်မှန်းကာ လတ်တလောတွင် ဆောင်ရွက်လျက် ရှိသည့် လဂွန်းပြင် ရေပေးေ ဝရေး စီမံကိန်း၊ ကုက္ကိုဝ၊ ပန်းလှိုင်နှင့် တိုးမြစ် ရေပေးဝေရေး စီမံကိန်းများ အကောင်အထည် ဖော်ပြီးစီးပါက ရန်ကုန်မြို့သို့ ဇုန်နယ်မြေ ၁ဝ ခု သတ်မှတ်...
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ Tara လေကြောင်းလိုင်းမှ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပျောက်ဆုံးသွားသော ခရီးသည် ၂၃ ဦးအား တင်ဆောင်လာသည့် လေယာဉ်သည် နီပေါနိုင်ငံ Myagdi ခရိုင်၌ ပျက်ကျခဲ့ကာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ၂၀၁၆ မဟာသြင်္ကန်ပွဲတော် ကာလတွင် မန္တလေးမြို့ ကျုံးပတ်လည်နှင့် ကန်တော်ကြီးတို့၌ သြင်္ကန်မဏ္ဍပ်များ ဆောက်လုပ်ခွင့် လျှောက်လွှာများ စတင်လက်ခံနေပြီဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် အခွန်ဌာထံမှ သိရသည်။
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ Tara လေကြောင်းလိုင်းမှ ခရီးသည် ၂၀ဦး နှင့် လေယာဉ်ဝန်ထမ်း ၃ဦး လိုက်ပါစီးနင်းလာသော လေယာဉ်သည် Myagdi ခရိုင် ၌ ပျက်ကျခဲ့သည် ဟု ယုံကြည်ရကြောင်း သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အများပြည်သူဆိုင်ရာ နေရာများတွင် တရားဝင် မှတ်ပုံတင်ခြင်း မရှိဘဲ မမှန်ကန်သော မော်တော်ယာဉ် နံပါတ်ပြားကို တပ်ဆင်၍ မောင်းနှင်ခြင်း ၊ ရပ်နားထားခြင်းများကို စိစစ် အရေးယူသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
စူဗား၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ဖီဂျီနိုင်ငံသို့ အပူပိုင်း ဆိုက်ကလုန်းမုန်တိုင်း ဝင်စတန် (Winston) တိုက်ခတ်ပြီးနောက် သေဆုံးသူ အရေအ တွက်မှာ ၄၂ ဦးအထိ ရှိလာကြောင်း ပစိဖိတ်ကျွန်းနိုင်ငံ၏ အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲမှုရုံးက ဖေဖော် ဝါရီ ၂၄ ရက်၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိတရုတ်လူမျိုးများအသင်း၊ Zhe Jiang (ကျဲကျန်း ) စီးပွါးရေးလုပ်ငန်းရှင်များအသင်း ၊ ထိုင်ဝမ်စီးပွါးရေးလုပ်ငန်းရှင်များအသင်းတို့မှ နမ့်ဆမ်မီးဘေးဒုက္ခသည်များအား အလှူငွေ ကျပ်သိန်း ၂၅၀ အား နမ့်ဆမ်ဒေသခံမှတစ်ဆင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဆူးလေရှန်ဂရီလာ ဟိုတယ်၌ မီးဘေးသင့်ပြည်သူများထံသို့လှူဒါန်းခဲ့ငွေပေးအပ်ခဲ့သည်။
ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ နှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE) အစိုးရများက ၎င်းတို့၏နိုင်ငံသားများအား လက်ဘနွန်သို့ သွားရောက်ခြင်း မပြုရန် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သတိပေးပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ကင်းလှည့်ခြင်းသည် ပြဿနာ တစ်ရပ်မဟုတ်ကြောင်း ဒေသ တွင်း ဆက်စပ်နေသည့် နိုင်ငံများအားလုံး လိုအပ်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်နိုင်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီလ ၂၃ ရက်က ပြောကြားလိုက်သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်း နှင့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အယ်လ်နီညို အကျိုး သက်ရောက်မှု ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင် ကာကွယ် စီမံ ဆောင်ရွက် နိုင်ရေး နှင့် သက်ဆိုင်ရာ...