Connect with us

Africa & Middle East

ဆော်ဒီ နှင့် UAE တို့က ၎င်းတို့၏ နိုင်ငံသားများအား လက်ဘနွန်သို့ သွားရောက်ခြင်းမပြုရန် သတိပေး

လက်ဘနွန်ဝန်ကြီးချုပ် Tammam Salam အားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ နှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE) အစိုးရများက ၎င်းတို့၏နိုင်ငံသားများအား လက်ဘနွန်သို့ သွားရောက်ခြင်း မပြုရန် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သတိပေးပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျအစိုးရက ၎င်း၏ နိုင်ငံသားများအား လက်ဘနွန်နိုင်ငံသို့ သွားရောက်ခြင်းမပြုရန် နှင့် လက်ဘနွန် နိုင်ငံ တွင် နေထိုင်နေသူ နှင့် အလည်အပတ်ရောက်ရှိနေသူ ဆော်ဒီနိုင်ငံသားအားလုံး ကို လက်ဘနွန်မှ ထွက်ခွာ လာရန် ဆန္ဒရှိကြောင်း သတိပေးခဲ့သည်။

ထိုသို့ သတိပေးချက် ထုတ်ပြန်ရခြင်း၏ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရှိသော်လည်း ဟစ်ဇဘိုလာအစွန်းရောက် အဖွဲ့က ဆော်ဒီအား ဆန့်ကျင်ရန်လိုသည့် ထုတ်ပြန်ချက်ကြောင့် လက်ဘနွန်သို့ ထောက်ပံပေးနေသည့် စစ်ရေးထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၄ဘီလီယံအား ဖြတ်တောက်ရန် ဆုံးဖြတ်ပြီး တစ်ပတ်အကြာတွင် ယင်း ထုတ်ပြန်ချက် ကို ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟစ်ဇဘိုလာအစွန်းရောက်အဖွဲ့ အား ဆန့်ကျင်သည့် ပါတီများက လက်ဘနွန်သို့ ထောက်ပံ့ငွေ ဖြတ်တောက် ရန် ဆုံးဖြတ်ချက် ကို ပြန်လည်သုံးသပ်ပေးရန် ပြောကြားခဲ့ကြပြီး လက်ဘနွန်ဝန်ကြီးချုပ် Tammam Salam က မကြာမီကာလအတွင်း ဝန်ကြီးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ ပင်လယ်ကွေ့နိုင်ငံများသို့ သွားရောက်ကာ ထောက်ပံ့ငွေဖြတ်တောက်မှု နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆော်ဒီမှ ခရီးသွားသတိပေးချက် ထုတ်ပြန်ပြီး နာရီ အနည်းငယ်အတွင်း UAE ကလည်း ခရီးသွားခြင်း တားမြစ်ချက် တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ယင်းတားမြစ်ချက်သည် ချက်ချင်း အသက်ဝင်လာကြောင်း သိရသည်။

UAE ကလည်း လက်ဘနွန်နိုင်ငံ ရှိ ၎င်းသံတမန်ရေးရာလုပ်ငန်းများ ရှိဝန်ထမ်းများအား အနည်းဆုံးအဆင့်အထိ လျှော့ချ သွားရန် ဆုံးဖြတ်ခဲ့သည်။

UAE နှင့် ဆော်ဒီအာရေဗျနိုင်ငံ တို့သည် လက်ဘနွန်နိုင်ငံအား ဟစ်ဇဘိုလာ အဖွဲ့၏ ချုပ်ကိုင်မှုအတွင်း ရှိနေသည့် ပြစ်တင်ပြောဆိုခဲ့ပြီး ၎င်းတို့က ဟစ်ဇဘိုလာအဖွဲ့အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.