Connect with us

Environment, Disasters & Accidents

ရာသီဥတု ပြောင်းလဲအကျိုးသက်ရောက်မှုကြောင့် ကြိုတင် ကာကွယ်နိုင်ရေး အရေးကြီးအဆိုအား ထောက်ခံသူ ၄၀၀ ၊ ကန့်ကွက်သူ ၁ ဦးဖြင့် အတည်ပြု

ပြည်သူ့လွှတ်တော် အစည်းအဝေးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်း နှင့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အယ်လ်နီညို အကျိုး သက်ရောက်မှု ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင် ကာကွယ် စီမံ ဆောင်ရွက် နိုင်ရေး နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုအား ယနေ့ဖေဖော်ဝါရီ ၂၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ထိုအရေးကြီး အဆိုအား လွတ်တော် ကိုယ်စားလှယ် ၂၂ ဦးက နှစ်ရက်ကြာ ထောက်ခံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြစ်ကြသည့် ပို့ဆောင်ရေး ဝန်ကြီးဌာန ၊ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ ပြည်ထဲရေး ဝန်ကြီးဌာန ၊ ကျန်းမာရေး ဝန်ကြီးဌာန ၊ လူမူဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန တို့မှ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စီမံ ဆောင်ရွက်ထားမှုများအား ပြန်လည် ရှင်းလင်း တင်ပြခဲ့ပြီးနောက် အဆိုရှင်၏ သဘောထားအတိုင်း လွှတ်တော်၏ သဘောဆန္ဒရယူခဲ့သည်။

အရေးကြီးအဆိုနှင့် ပတ်သတ်၍ ဆန္ဒမဲပေးခွင့်ရှိသူ ၄၃၀ ဦး ရှိသည့် အနက် ထောက်ခံ ဆန္ဒမဲ ၄၀၀ ၊ ကန့်ကွက် ဆန္ဒမဲ ၁ ၊ ကြားနေ ဆန္ဒမဲ ၁၄ ဖြင့် ထောက်ခံဆန္ဒမဲ အရေအတွက် များသဖြင့် အဆိုအား အတည်ပြုခဲ့သည်။

ထိုအရေးကြီး အဆိုအား မိတ္ထီလာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း နှင့် အယ်လ်နီညို(EL Nino) အကျိုး သက်ရောက် မှုကြောင့် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ တစ်ဝန်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူလူထု ကြုံတွေ့ခံစားရမည့် ရေရှားပါးမှု ၊ အပူချိန် ပြင်းထန်မှု ၊ သောက်သုံးရေ ရှားပါးမှု ၊ ကျန်းမာရေး ပြသနာများ ၊ စားရေရိက္ခာ ပြသနာများ ၊ မီးဘေး အန္တရာယ် ကြိုတင် ကာကွယ် စီမံ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ၊ ပြည်တွင်းပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရသို့တိုက်တွန်းကြောင်း အရေးကြီး အဆို တင်သွင်းရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.