Connect with us

Australia / Oceania

အပူပိုင်း ဆိုက်ကလုန်း မုန်တိုင်း ဝင်စတန်ကြောင့် သေဆုံးသူ ၄၂ ဦးအထိရှိလာ

ဝင်စတန် ဆိုက်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် အပျက်အစီးများအား တွေ့ရစဉ် (ဆင်ဟွာ)

စူဗား၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဖီဂျီနိုင်ငံသို့ အပူပိုင်း ဆိုက်ကလုန်းမုန်တိုင်း ဝင်စတန် (Winston) တိုက်ခတ်ပြီးနောက် သေဆုံးသူ အရေအ တွက်မှာ ၄၂ ဦးအထိ ရှိလာကြောင်း ပစိဖိတ်ကျွန်းနိုင်ငံ၏ အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲမှုရုံးက ဖေဖော် ဝါရီ ၂၄ ရက်၌ ပြောကြားခဲ့သည်။

အနည်းဆုံး တစ်ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲမှုရုံး ဝန်ကြီး Inia Seruiratu ကပြောသည်။

မုန်တိုင်းဒဏ်သင့်သူများ၏ အခြေခံ လိုအပ်ချက်များအား အရေးပေါ် ဦးစားပေးအနေဖြင့် လုပ်ဆောင်သွား မည်ဖြစ်ပြီး အရေးပေါ် အစားအသောက်နှင့် ရေလိုအပ်သည့် ပြည်သူ အရေအတွက်ကို အစိုးရက စာရင်း ကောက်ယူနေကြောင်း Seruiratu ကပြောသည်။

သေဆုံးသူ အရေအတွက်မှာ ဆက်လက် မြင့်တက်နိုင်ခြေရှိကြောင်း အရာရှိများက ပြောသည်။

ဖီဂျီနိုင်ငံအတွင်းသို့ ဖေဖော်ဝါရီလ ၂၀ ရက် ညနေပိုင်းက ဆိုက်ကလုန်းမုန်တိုင်း ဝင်စတန် ဝင်ရောက် တိုက် ခတ်ခဲ့ပြီး မုန်တိုင်းဖြတ်သန်းရာ လမ်းတလျှောက်၌ အကြီးအကျယ် ပျက်စီးမှုများ ရှိခဲ့သည်။

တရုတ်၊ နယူးဇီလန်၊နှင့် သြစတြေးလျနိုင်ငံ အပါအဝင် နိုင်ငံများစွာကလည်း အရေးပေါ် အကူအညီများ ပေး အပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.