Connect with us

Economy

တရုတ်-မြန်မာ ရေနံပိုက်လိုင်း စမ်းသပ် ပို့လွှတ်

ရခိုင်ပြည်နယ် မဒေးကျွန်းရှိတရုတ်-မြန်မာရေနံပိုက်လိုင်းစီမံကိန်းတွင် ရေနံသိုလှောင်ကန်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရခိုင်ပြည်နယ် မဒေးကျွန်းရှိတရုတ်-မြန်မာရေနံပိုက်လိုင်းစီမံကိန်းတွင် ရေနံသိုလှောင်ကန်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းအား တရုတ်၊ မြန်မာ နှစ်နိုင်ငံ၏ ၅ နှစ်ကြာ ကြိုးပမ်းမှုကြောင့် အခြေခံ အားဖြင့် ပြီးမြောက်ပြီး ဇန်နဝါရီ ၂၈ ရက်တွင် စတင်၍ ရေနံအစမ်း ပို့လွှတ်ပြီ ဖြစ်ကြောင်း စီမံကိန်း မှ ကြေညာခဲ့သည်။

အဆိုပါ အခမ်းအနား ဖွင့်ပွဲကို ရန်ကုန်တွင် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yang Houlan ၊ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဇေယျာအောင် ၊ တရုတ်အမျိုးသား စွမ်းအင် အဖွဲ့အစည်း (CNPC) မှ အထွေထွေ မန်နေဂျာ Liao Yongyuan တို့ ပူးတွဲဖွင့်လှစ်ခဲ့ကြသည်။

တန်ချိန် ၃၀၀,၀၀၀ ဆံ့သည့် ရေနံတင်သင်္ဘောမှာ မဒေးကျွန်းဆိပ်ကမ်းတွင် ဆိုက်ရောက်နေပြီ ဖြစ်သည်။ တရုတ်-မြန်မာရေနံပိုက်လိုင်း စီမံကိန်းကို ၂၀၁၀ ခုနှစ် ဇွန်လ တွင် စတင်ပြီး ၂၀၁၄ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ CNPC နှင့် မြန်မာအစိုးရတို့ ပူးပေါင်းလုပ်ဆောင်ကာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ၅၀.၉ ရာခိုင်နှုန်း နှင့် တရုတ်နိုင်ငံမှ ၄၉.၁ ရာခိုင်နှုန်း ပါဝင်သည်။

ပိုက်လိုင်းအရှည်သည် ၇၇၁ ကီလိုမီတာ ရှိပြီး တစ်နှစ်လျှင်ရေနံ တန် ၂၂ သန်း ပို့လွှတ်နိုင်သည်။ စီမံကိန်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူတွင် တည်ရှိပြီး စီမံကိန်းတွင် အဓိကပါဝင်သည့် ရေနံ တန် ၃ သိန်း တင်ဆောင်နိုင်သည့် ဆိပ်ခံတံတား၊ ကုဗ မီတာ ၆၅၀,၀၀၀ ရှိ ရေတိုင်ကီ၊ ၃၈ ကီလိုမီတာ ရှိသည့် ဆိပ်ကမ်း၊ ကုဗမီတာ ၁.၂ သန်း ရှိသည့် ရေနံ သိုလှောင်ကန် စသည်တို့ ပါဝင်သည်။

ထိုစီမံကိန်းသည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ပူးတွဲဆောင်ရွက်သည့် နိုင်ငံပိုင် စီမံကိန်း ဖြစ်ပါသည်။ ဂက်စ်ပိုက်လိုင်းစီမံကိန်း အနေဖြင့် တရုတ်၊ မြန်မာ နှစ်နိုင်ငံအပြင် တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှ ကုမ္ပဏီများလည်း ရှယ်ယာပါဝင်သည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် တရုတ်နိုင်ငံသို့ ဂက်စ် ၃.၉၂ ဘီလီယံ ကုဗမီတာ ပို့လွှတ်ပြီး မြန်မာနိုင်ငံအတွက် ဂက်စ် ကုဗမီတာ ၁၄၇ သန်း ရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.