Connect with us

Economy

မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များအသင်း/ မြန်မာ ဆန်စက် ကုမ္ပဏီ (MRMC) နှင့် တရုတ်နိုင်ငံ CAMC ကုမ္ပဏီတို့ နားလည်မှု စာချွန်လွှာ ရေးထိုး

လယ်သမားတစ်ဦးစပါးခင်းတွင် တွေ့ရစဉ်(ဆင်ဟွာ)

လယ်သမားတစ်ဦးစပါးခင်းတွင် တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်း/ မြန်မာဆန်စက်ကုမ္ပဏီ (MRMC) နှင့်တရုတ်နိုင်ငံ CAMC Engineering Co.Ltd (CAMCE) တို့ သည် Rice Industry Cooperation in Myanmar အတွက် နားလည်မှု စာချွန်လွှာကို ယနေ့ မွန်းလွဲပိုင်းတွင် ရေးထိုးခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းမှ တွဲဖက်အတွင်းရေးမှုး ဦးနေလင်းဇင်က “ဒီနေ့ကတော့ MRMC နဲ့ CAMC တို့ နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးခဲ့တယ်။ နားလည်မှု စာချွန်လွှာထဲမှာ တော့ တရုတ်ဘက်က နည်းပညာ၊ ဈေးကွက်၊ ရင်းနှီးမြှုပ်နှံမှု စတာတွေကို ပံ့ပိုးသွားမယ် ဆိုတာပါတယ်” ဟု ပြောသည်။

မြန်မာ ဆန်စက်ကုမ္ပဏီအနေဖြင့် မြေကွက်နေရာ ရှာခြင်း၊ အဆောက်အဦး ဆောက်ခြင်းများ ပြုလုပ် ပြီးပါက တရုတ်ကုမ္ပဏီဘက်မှ နိုင်ငံတကာ အဆင့်မီသည့် ဆန်စက်ကို လာ၍ တည်ထောင်မှာ ဖြစ်သည်။ အဆိုပါ ဆန်စက်သည် ကြိတ်ခွဲခြင်း၊ အခြောက်ခံခြင်း၊ ထုပ်ပိုးခြင်းများကိုပါ ပြုလုပ်နိုင်မှာ ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ လက်ရှိ အချိန်တွင် နိုင်ငံတကာ အဆင့်မီ ဆန်စက်မျိုး ၅ လုံးလောက်သာ ရှိသေးကြောင်း သိရသည်။

“ဆန်စက်က ထွက်တဲ့ ဆန်တွေကိုလည်း တရုတ်ကုမ္ပဏီ ဘက်ကနေ တရုတ် အစိုးရကို ဝယ်ယူဖို့ ဈေးကွက် ရှာပေးတာတွေ လုပ်ပေးမယ်လို့ ပြောတယ်။ ဒီစက်တည် ပြီးရင်တော့ တနေ့ကို တန်ချိန် ၂၀၀ လောက် ကြိတ်နိုင်မယ်လို့ မှန်းတယ်” ဟု၎င်းကဆက်ပြောသည်။

MOU သက်တမ်းသည် ၂ နှစ်သတ်မှတ်ထားပြီး ၂ နှစ် ပြည့်ပါက စာချုပ်သက်တမ်း တိုးရန် လိုအပ်လျှင်လည်း တိုးသွားမည် ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.