ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ဧပြီလ ၁၉ ရက်တွင် တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်းကြီး၏ အဓိကအစိတ်အပိုင်းဖြစ်သော ယူနန်ပြည်နယ် တာလီ-ရွှေလီရထားလမ်း၏ ပေါင်တွမ်းလမ်းပိုင်းတည်ဆောက်မှုသည် ကြီးမားသည့်တိုးတက်မှုရရှိခဲ့ကာ ပေါင်စန်းလိုဏ်ခေါင်းအား ဘေးကင်းစွာဖောက်လုပ်ပြီးစီးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဧပြီ ၂၀ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်းနှင့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Peace and Development) တို့ ပူးပေါင်း၍ ပြည်သူ့စာကြည့်တိုက်များသို့ ကွန်ပျူတာနှင့်ပရင်တာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး နှင့် ယူနန်ပြည်နယ်အစိုးရတို့မှ လှူဒါန်းသည့် ယွမ် ၈၈၅,၀၀၀ တန်ဖိုးရှိ Auto Disable syringe (ကိုဗစ်-၁၉ကာကွယ်ဆေးထိုးအပ်)များသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းဖြန့်ဖြူးပို့ဆောင် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေး...
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား (ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ ရထားလမ်းကြောင်း) ကြောင့် တရုတ်-မြန်မာကုန်သွယ်ရေးများ ပိုမိုမြန်ဆန်ကောင်းမွန်လာနိုင် ကြောင်း ပို့ဆောင်ရေးကဏ္ဍကျွမ်းကျင်သူများကသုံးသပ်ပြောကြားချက်အရ သိရသည်။ ဧပြီလ ၂ ရက်နေ့တွင် ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်ဖြစ်သော တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား (ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ) သည် ချုံချင့်မီးရထားကွန်တိန်နာစင်တာမှ အောင်မြင်စွာ စတင်ထွက်ခွာခဲ့ကြောင်း၊...
ရန်ကုန်၊ဧပြီ၂ရက်(ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှမြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသို့အရေးပေါ်လှူဒါန်းသော COVID-19 Vaccine ဆေးထိုးအပ် အခုရေ ၂သန်းကို မူဆယ်မြို့၌ ဧပြီလ၂ရက်နေ့တွင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ ကုန်သွယ်မှုချောမွေ့စေရေးလုပ်ငန်းအဖွဲ့ဒုတိယအကြိမ်အစည်းအဝေး ကျင်းပခဲ့ပြီးနောက် နှစ်နိုင်ငံ ကုန်သွယ်မှု တည်ငြိမ်စွာတိုးတက်ရေးအားမြှင့်တင်ရန်အတွက် သဘောတူညီချက်များရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာဘတရုတ်နိုင်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ တရုတ်-မြန်မာ ကုန်သွယ်မှုချောမွေ့စေရေးလုပ်ငန်းအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကို မတ်လ၃၀ရက်က ဗီဒီယိုစနစ်ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။ အစည်းအဝေးတွင် နှစ်နိုင်ငံ ဂရုပြုသည့် နယ်စပ်ကုန်သွယ်ရေးချောမွေ့စေမှု၊နယ်စပ်ဂိတ်များဖွင့်လှစ်မှု၊ စိုက်ပျိုးရေးထုတ်ကုန်များစစ်ဆေးမှု၊ အစားထိုးစိုက်ပျိုးမှုနှင့်...
ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့်ဖော်ဆောင်သည့် “မဲခေါင်ဒေသဆန်းသစ်တီထွင်သောဝါးထုတ်ကုန်ပစ္စည်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အွန်လိုင်းလေ့ကျင့်မှု” စီမံကိန်းသင်တန်းဖွင့်လှစ်သည့်အခမ်းအနားကို ရန်ကုန်မြို့၌ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ယနေ့ ဇန်နဝါရီ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ယခုအကြိမ်လေ့ကျင့်မှုသင်တန်းသည် ၅ ရက်တာသင်တန်းဖြစ်ကာ မြန်မာ၊...
ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွဆက်လက်ထိန်းသိမ်းသွားပြီး နယ်စပ်ဒေသ လူမှုစီးပွားနှင့်ပြည်သူလူနေမှုဘဝတိုးတက်ရေးကို မြှင့်တင်သွားလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လှူဒါန်းငွေပေးအပ်သည့်အခမ်းအနားကို နေပြည်တော်၌ ကျင်းပစဉ် ထိုသို့ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။...
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက ပေးအပ်လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းအား မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် နယ်စပ်မြို့(၅)မြို့သို့ ဇန်နဝါရီ ၁၂ ရက်တွင် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ နယ်ပယ်အသီးသီးနှင့်အတူ ချူအင်လိုင်းတန်ဆောင်းမှတစ်ဆင့် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန် ဉာဏ်ပညာနှင့် ခွန်အားများ ရယူပြီး တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်း အတူတည်ဆောက်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ဇန်နဝါရီ ၈ ရက်တွင် ကျင်းပပြုလုပ်သည့်...