Connect with us

Economy

တရုတ်-မြန်မာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်တွင် ပြုလုပ်သည့် တရုတ်-မြန်မာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ မြင်ကွင်းများကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘုံသာယာဝပြောခြင်းကို မျှဝေရန် အတူတကွ ပူးပေါင်းဆောင်ရွက်မည့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်တွင် အောက်တိုဘာ ၂၆ ရက်၌ ကျင်းပခဲ့သည်။

ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်တွင် ပြုလုပ်သည့် တရုတ်-မြန်မာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ မြင်ကွင်းများကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်တွင် ပြုလုပ်သည့် တရုတ်-မြန်မာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ မြင်ကွင်းများကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်တွင် ပြုလုပ်သည့် တရုတ်-မြန်မာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ မြင်ကွင်းများကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ဆွေးနွေးပွဲတွင် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် ခေါင်းစဉ်အောက်ရှိ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်က ယခုနှစ်သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အဆိုပြုခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် ဆယ်နှစ်ပြည့် အထိမ်းအမှတ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်က “ သမ္မတရှီကျင့်ဖိန်က ၁၀ နှစ်တာကာလအတွင်း အောင်မြင်မှုရလဒ်များကို ပြန်လည်ဆွေးနွေးပြီး အောင်မြင်မှုအတွေ့အကြုံများကို အနှစ်ချုပ်သုံးသပ်ခဲ့ပါတယ်။ ရပ်ဝန်းနဲ့ ပိုးလမ်းမ အတူတကွ တည်ဆောက်မှုဟာ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်မှာ ရပ်တည်နေပြီး ခေတ်ကာလတိုးတက်လာမှုရဲ့ သဘောတရားနဲ့ ကိုက်ညီပြီး မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းတာဖြစ်တယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

အတူတိုင်ပင်ဆွေးနွေးခြင်း၊ အတူတည်ဆောက်ခြင်း၊ အတူမျှဝေခြင်း၊ တံခါးဖွင့်၍ အစိမ်းရောင်ဖြစ်ကာ သန့်ရှင်း သမာဓိရှိခြင်း၊ စံချိန်စံနှုန်းမြင့်၍ ပြည်သူ့အကျိုးပြုကာ စဉ်ဆက်မပြတ်ဖြစ်ခြင်းတို့သည် ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့် အတူတည်ဆောက်ခြင်း၏ အရေးပါသောလမ်းညွှန် အခြေခံမူဖြစ်လာကြောင်း သိရသည်။

မစ္စတာ ချန်ဟိုင်က “ ပထမအချက်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တိုးတက်မှုတွေ ပိုမိုရရှိစေဖို့ မြှင့်တင်ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပိုးလမ်းမစီမံချက်ကို အစောဆုံးတုံ့ပြန်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး ၂၀၁၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံအနေနဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ သမ္မတ ရှီကျင့်ဖိန် မြန်မာနိုင်ငံကို သမိုင်းဝင်ခရီးစဉ် လာရောက်ခဲ့ပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း အတူတကွ တည်ဆောက်ဖို့ နှစ်နိုင်ငံဆုံးဖြတ်ခဲ့ကြပါတယ်” ဟု ပြောသည်။

ဒုတိယအချက်အနေဖြင့် အပြန်အလှန်ချိတ်ဆက်မှုကို မြှင့်တင်ရန်ဖြစ်ကြောင်း ၎င်းကဆိုသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်းကြီးများ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး ဆောင်ရွက်လျက်ရှိပြီး မူဆယ်-မန္တလေးရထားလမ်း၊ မန္တလေး-ကျောက်ဖြူရထားလမ်း စသည့် ဖြစ်မြောက်နိုင်ခြေလေ့လာမှုများ၊ အခြေခံအားဖြင့် တိုးတက်မှု အသစ်များရရှိစေရန် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း မစ္စတာ ချန်ဟိုင်၏ ပြောကြားချက်အရ သိရသည်။

မစ္စတာ ချန်ဟိုင်က “တရုတ်-မြန်မာ နှစ်နိုင်ငံက ကပ်ရောဂါအလွန် နယ်စပ်ဂိတ်တွေ ဘက်စုံ ပြန်လည်ဂိတ်ဖြတ်သန်းသွားလာနိုင်ရေးကိုလည်း တွန်းအားပေးဆောင်ရွက်နေပြီး ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် စတဲ့ အကျိုးအမြတ်များကို ဖော်ထုတ်ပြီး နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ အရည်အသွေးမြှင့်တင် အဆင့်မြှင့်တင်နိုင်ဖို့ တိုးမြှင့်ဆောင်ရွက်ရင်း နှစ်နိုင်ငံ ပြည်သူတွေအတွက် အကျိုးကျေးဇူးကို တိုးမြှင့်ဆောင်ရွက်ပေးပါတယ်” ဟုဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ပံ့ပိုးကူညီမှုများ ဆက်လက်လုပ်ဆောင်ပေးလျက်ရှိပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်မှုပြဿနာကို ပြေလျှော့စေရန် အားဖြည့်ကူညီပေးကာ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း မစ္စတာ ချန်ဟိုင်၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ တရုတ်ကုမ္ပဏီတွေ ဈေးကွက်အခြေခံမူတွေနဲ့အညီ မြန်မာနိုင်ငံရဲ့ လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်၊ ဓာတ်အားလိုင်းကွန်ရက် စတဲ့စီမံကိန်းတွေ တည်ဆောက်ရေးမှာ ပါဝင်လာဖို့ ထောက်ခံအားပေးပြီး အိမ်တိုင်း၊ အိမ်တိုင်းကို အစိမ်းရောင်ကာဗွန်ထုတ်လုပ်မှုနည်းပါးတဲ့ ဘဝထဲကို ဝင်ရောက်လာစေပါတယ်” ဟု မစ္စတာ ချန်ဟိုင်က ပြောကြားသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက “အခုဆွေးနွေးပွဲက သံခင်းတမန်ခင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကို ထင်ဟပ်စေပြီး ရပ်ဝန်းနဲ့ပိုးလမ်းမ အဆိုပြုချက်ရဲ့ ဘုံသာယာဝပြောရေးနဲ့ တည်ငြိမ်ရေး အတွက် မျှဝေပေးတဲ့ ကတိကဝတ်တွေကို ထင်ဟပ်စေပါတယ်” ဟုပြောကြားခဲ့သည်။

အဆိုပါ တရုတ်-မြန်မာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲသို့ အစိုးရတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မီဒီယာများအပါအဝင် နှစ်နိုင်ငံမှ ကိုယ်စားလှယ် ၁၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.