Connect with us

Sino-Myanmar

တရုတ်ကုမ္ပဏီ အကူအညီဖြင့် အောင်ဆန်းအားကစားပြိုင်ဝင်းကို အဆင့်မြှင့်တင်မည်

အောင်ဆန်းအားကစားပြိုင်ဝင်းအား တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင်ရေးအတွက် တရုတ်နိုင်ငံဘက်မှ အကူအညီ ရယူရန် ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာဖြစ်သည့် Global News light of Myanmar တွင် ယနေ့သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ အောင်ဆန်းအားကစားကွင်းပြန်လည် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အောက်တိုဘာ ၂၅ ရက် နံနက် ၁၀ နာရီက တရုတ်နိုင်ငံ Architectural Design & Research institute of Tongji University(Group) Co.,Ltd မှ Project အဖွဲ့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၂) ၌တွေ့ဆုံဆွေးနွေးကြရာ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့နှစ်ဘက်တွေ့ဆုံမှုအတွင်း အောင်ဆန်းကွင်းမြေနေရာ ဆောက်လုပ်ရန် အဆောက်အဦဒီဇိုင်း၊ ရေအသုံးချမှု၊ ရေဆိုးစွန့်ပစ်မှုတို့နှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များကို MNBC 2020 စံချိန်စံညွှန်း၊ ၂၀၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပေဒေနှင့် YCDC Website တို့ကို လေ့လာ၍ ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူက “တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးနဲ့လည်း မကြာခင် တွေ့ဆုံသွားဖို့ရှိပါတယ်” ဟု ပြောသည်။
အဆိုပါ အောင်ဆန်းအားကစားပြိုင်ဝင်းအား ၁၉၀၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မူလအမည်မှာ BBA (Burma Athletic Association Ground) ဖြစ်ကြောင်း၊ လူစည်ကားသော ပြည်တွင်းအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာဆိုင်ရာ အားကစားပြိုင်ပွဲများအပြင် အထူးတလည် အမှတ်တရဖြစ်စေသော ပြပွဲဖြစ်သည့် ရေခဲပေါ်မှ အားလပ်ရက်နေ့ (Holiday on Ice) ခေါ် ရေခဲပြင်ပြပွဲကြီးအား ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်တွင် မူလအမည် BBA (Burma Athletic Association Ground) အမည်မှ အောင်ဆန်း အားကစားပြိုင်ဝင်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.