News
တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေး ဒုတိယအသုတ် မက္ကဆီကိုနိုင်ငံသို့ရောက်ရှိ
မက္ကဆီကိုစီးတီး၊မတ် ၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေး ဒုတိယအသုတ်သည် မက္ကဆီကိုနိုင်ငံသို့ စနေနေ့က ရောက်ရှိလာခဲ့ကြောင်း မက္ကဆီကိုကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard က နိုင်ငံအတွက် ကာကွယ်ဆေးများ ထောက်ပံ့ပေးသော တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း နှင့် ထိုသို့ကာကွယ်ဆေးများထပ်မံရောက်ရှိလာခြင်းကြောင့် အစိုးရ၏ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရန် အကူအညီဖြစ်စေခဲ့ကြောင်း ဆိုသည်။
တရုတ်နိုင်ငံသည် “ မက္ကဆီကိုနိုင်ငံအား ထောက်ပံ့ပေးမည်ဆိုသည့် ကတိကဝတ်ကို အပြည့်အဝဖော်ဆောင်ခြင်းဖြစ်ကြောင်း” ဝန်ကြီး Ebrard က ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုသို့ကာကွယ်ဆေးများပေးပို့ခြင်းမှာ တရုတ်နိုင်ငံက သူ၏ ညီအစ်ကို နှင့်မိတ်ဖက် နိုင်ငံအပေါ် ထောက်ခံအားပေးခြင်းဖြစ်ကြောင်း နှင့် အားလုံးအတွက် ကျန်းမာသောလူမှုအသိုက်အဝန်းတစ်ခုတည်ဆောက်ရန် ဖော်ညွှန်းခြင်းလည်းဖြစ်ကြောင်း မက္ကဆီကိုနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mexico Zhu Qingqiao က ဆိုသည်။
“ တရုတ်နိုင်ငံအနေနဲ့ မက္ကဆီကိုနိုင်ငံနဲ့အတူ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ၊ အပြန်အလှန်အားပေးထောက်ခံဖို့ ၊ ကာကွယ်ဆေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့အတူ ကပ်ရောဂါတိုက်ဖျက်ရေးမှာ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့အတွက် ဆန္ဒရှိပါတယ်” ဟု သံအမတ်ကြီး Zhu ကဆိုသည်။
ပြီးခဲ့သော ဖေဖော်ဝါရီ ၂၀ ရက်က တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေး ပထမအသုတ် မက္ကဆီကိုစီးတီးမြို့တော်သို့ရောက်ရှိလာခဲ့ကြောင်း နှင့် မက္ကဆီကိုကျန်းမာရေးတာဝန်ရှိသူများက ကပ်ရောဂါ ကူးစက်မှု အဆိုးရွားဆုံးခံစားနေရသည့် ပြည်နယ်တစ်ခုဖြစ်သည့် Ecatepec ပြည်နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ယခုရက်သတ္တပတ်အတွင်း ဆေးထိုးနှံပေးနိုင်ရန် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
မက္ကဆီကိုနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံခြင်းကို ဒီဇင်ဘာလနှောင်းပိုင်းက စတင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများကို ပထမဦးစားပေးထိုးနှံပေးခဲ့သည်။ ဖေဖော်ဝါရီ လလယ်ပိုင်းတွင် ဆင်းရဲနွမ်းပါးဒေသများရှိ သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးထိုးနှံမှု စတင်ခဲ့ကြောင်း သိရသည်။
မက္ကဆီကိုနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂ သန်းကျော် နှင့် လက်ရှိတွင် သေဆုံးသူ ၁၈၄,၀၀၀ ကျော်ဖြင့် အမေရိကန် ၊ အိန္ဒိယ နိုင်ငံများနောက် ကမ္ဘာပေါ်၌ သေဆုံးသူ တတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ထုတ်ပြန်ချက် အရ သိရသည်။(Xinhua)
——————————————————-
(English Version)
Second batch of China’s Sinovac vaccine arrives in Mexico
MEXICO CITY, Feb. 27 (Xinhua) — The second batch of China’s Sinovac vaccine arrived in Mexico on Saturday, the Mexican Ministry of Health said.
Mexican Foreign Minister Marcelo Ebrard thanked China for supporting the country by providing the vaccine and said that the arrival of the vaccine has helped the government continue its vaccination campaign.
China is “fulfilling the commitment to support Mexico,” Ebrard said.
“This vividly demonstrates both China’s sincere support for its brother and partner, and its dedication to building a community of health for all,” Chinese Ambassador to Mexico Zhu Qingqiao said.
“China is willing to work together with Mexico, persevering in the spirit of solidarity and mutual support, to further strengthen cooperation in the fight against the pandemic with a focus on vaccine cooperation,” Zhu added.
On Feb. 20, the first batch of the Sinovac vaccine arrived in Mexico City and the Mexican health authorities distributed the doses this week to the elderly in the municipality of Ecatepec, one of the areas that have been the hardest hit by the pandemic.
The vaccination campaign in Mexico began last December with medical and health personnel as the first inoculated group, and in mid-February a phase began to vaccinate older adults in poor areas.
Mexico has registered more than 2 million COVID-19 cases and more than 184,000 deaths, and now ranks the third in the number of deaths, behind the United States and Brazil, according to Johns Hopkins University.
Staff members unload a temperature-controlled cargo container with COVID-19 vaccines from Chinese company Sinovac at Mexico International Airport in Mexico City, Mexico, Feb. 27, 2021. (Xinhua/Xin Yuewei)