Connect with us

News

တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံများအား COVID-19 ကာကွယ်ဆေးများ ပိုမိုပံ့ပိုးရန် ကတိပြု

ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်၊ ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံသည် ၎င်း၏ တတ်စွမ်းသရွေ့ အချိန်နှင့်တစ်ပြေးညီ အားလုံးအတွက် ကျန်းမာသော အသိုက်အဝန်း တစ်ခု တည်ဆောက်ရေး၌ အခြားသောနိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက အခြားနိုင်ငံများအား COVID-19 ကာကွယ်ဆေး ကူညီမှု ပထမဆုံးတင်ပို့ခြင်းအဖြစ် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် ပါကစ္စတန်နိုင်ငံအား COVID-19 ကာကွယ်ဆေးများ လှူဒါန်းကြောင်း ကြေညာအပြီး နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံအပြင် ဘရူနိုင်း၊ နီပေါ၊ ဖိလစ်ပိုင်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ၊ မွန်ဂိုလီးယား၊ ပါလက်စတိုင်း၊ ဘဲလာရုစ်၊ ဆီရာလီယွန်၊ ဇင်ဘာဘွေနှင့် အီကွေတာဂီနီ တို့အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ ၁၃ နိုင်ငံအား ကာကွယ်ဆေး ပံ့ပိုးရန် ဆောင်ရွက်လျက်ရှိသည့် အပြင် ဖွံ့ဖြိုးဆဲနိုင်ငံ ၃၈ နိုင်ငံကျော်၌လည်း တရုတ်နိုင်ငံ၏ ကာကွယ်ဆေး အကူအညီရရှိရန် အဆိုပြုထားကြောင်း သိရသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေးများကို သာတူညီမျှ ဖြန့်ဖြူး၊ အသုံးပြုခြင်းနှင့် သင့်တင့်လျောက်ပတ်စွာ ရရှိခြင်းအတွက် မြှင့်တင်ရာတွင် ပူးတွဲအားထုတ်ကြိုးပမ်းရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.