Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ ရှိ ရေနံလုပ်ကွက်တစ်ခု တွင် အင်ဂျင်နီယာနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ဆူဒန်နိုင်ငံရှိ ရေနံလုပ်ကွက်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆူဒန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ အနောက် Kordofan ပြည်နယ် ရှိ ရေနံလုပ်ကွက်တစ်ခု တွင် အလုပ်လုပ်နေသည့် ရေနံကုမ္ပဏီတစ်ခုမှ အင်ဂျင်နီယာနှစ်ဦးအား အမည်မသိ သေနတ်သမားများက စက်တင်ဘာ ၂၇ တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဆူဒန် Tribune သတင်းဋ္ဌာနကဖော်ပြခဲ့သည်။

ဆူဒန်-တရုတ် ဖက်စပ်ရေနံကုမ္ပဏီတစ်ခုဖြစ်သည့် Petro N.G ရှိ သတင်းရင်းမြစ်တစ်ခုက သေနတ်ပစ်ခတ်မှုသည် အနောက် Kordofan ပြည်နယ် ရှိ Balila ရေနံလုပ်ကွက် ၏ Ki ဧရိယာ ၌ အင်ဂျင်နီယာနှစ်ဦးက ၎င်းတို့၏ ပုံမှန်အလုပ်ဖြစ်သည့် ရေနံတွင်းများအား လှည့်လည်စစ်ဆေးနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်း ဆူဒန်နိုင်ငံသား အင်ဂျင်နီယာနှစ်ဦးသည် အနောက် Kordofan ပြည်နယ် Kiရေနံလုပ်ကွက်ရှိ ထုတ်လုပ်ရေးနှင့်ဖွံ့ဖြိုးရေးဋ္ဌာန၌ အလုပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်းရင်းမြစ်က အင်ဂျင်နီယာနှစ်ဦး ကားမောင်းနေစဉ် အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကုမ္ပဏီသည် စက်တင်ဘာ ၂၇ရက်က အခင်းဖြစ်ပွားခဲ့သည့် ရေနံလုပ်ကွက်သို့ အင်ဂျင်နီယာများ၏ ရုပ်အလောင်းအားသယ်ယူရန် လေယာဉ်တစ်စင်း စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆူဒန် Tribune သတင်းဋ္ဌာနကလည်း အနောက် Kordofan ပြည်နယ်ရှိ သတင်းရင်းမြစ်များကို ကိုးကား၍ သေနတ်သမားတစ်ဦးသည် ပြည်နယ်အတွင်း၌ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှု အများအပြားတွင် ပါဝင်နေသည့်အတွက် တရားရေးအာဏာပိုင်များက ၎င်းအား အလိုရှိနေသည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲဝင်များသည် တရားခံအား ဖမ်းဆီးရမိရေးအတွက် ကြိုးစားဆောင်ရွက်နေကြောင်း သတင်း၌ ပါရှိသည်။

အနောက် Kordofan ပြည်နယ်တွင် ဆူဒန်နိုင်ငံ၏ ရေနံလုပ်ကွက်များဖြစ်သော Heglig၊ Difra၊ Kanar၊ Balila၊ Al-Fula အနောက်ပိုင်း၊ Neem နှင့် Barasaya တို့ တည်ရှိနေ၍ နိုင်ငံ၏ နံပါတ်တစ် ရေနံထုတ်လုပ်သည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.