Connect with us

Africa & Middle East

ရေနံ ထုတ်လုပ်မှု လျှော့ချရန် အိုပက် (OPEC) အဖွဲ့ဝင်များ သဘောတူ

OPEC တံဆိပ် လိုဂိုနှင့် အဖွဲ့ဝင် အလံများအား တွေ့ရစဉ် (ဆင်ဟွာ)

အယ်လ်ဂျီးယား၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ရေနံ ထုတ်လုပ် တင်ပို့ ရောင်းချသူ နိုင်ငံများ အဖွဲ့အစည်း (OPEC) သည် စက်တင်ဘာလ ၂၈ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးပြီးနောက် ရေနံ ထုတ်လုပ်မှု လျှော့ချမည့် သဘောတူညီမှု တစ်ခု ရရှိခဲ့ကြောင်း သိရသည်။

အိုပက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တစ်နေ့လျှင် ရေနံစည်ပေါင်း ၃၂.၅ သန်းမှ ၃၃ သန်းအတွင်းသာ ထုတ်လုပ်ရန် သဘောတူခဲ့ကြောင်း အိုပက် အဖွဲ့ ခေါင်းဆောင် မိုဟာမတ် ဘင် ဆယ်လ်လာ အယ်လ်-ဆာဒါက အစည်းအဝေးပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ခြောက်နာရီကြာ ပြုလုပ်ခဲ့သည့် အစည်းအဝေးပြီးနောက် ရေနံ ထုတ်လုပ်မှု လျှော့ချရန် သဘောတူခဲ့ကြပြီး နိုင်ငံ တစ်ခုချင်းစီ၏ ထုတ်လုပ်မှု ရှယ်ယာကို စဉ်းစားရန် ကော်မတီ တစ်ခု တည်ထောင်ရန်လည်း သဘောတူခဲ့ကြောင်း အယ်လ်-ဆာဒါက မှတ်ချက်ပြု ပြောကြားခဲ့သည်။

ထို့ပြင် နိုဝင်ဘာလတွင် ဗီယင်နာတွင် ကျင်းပမည့် အိုပက် အစည်းအဝေးသို့ အဆိုပါ ကော်မတီက အစီရင်ခံစာ တစ်ခု တင်သွင်းမည် ဖြစ်ကြောင်း အိုပက် ခေါင်းဆောင်က ပြောသည်။

အဆိုပါ ကော်မတီသည် အိုပက်နှင့် အိုပက် အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများအကြား ထုတ်လုပ်မှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးအား မျှဝေခြင်းအားဖြင့် ရေနံ ဈေးကွက်ကို ပြန်လည် ချိန်ညှိရေး လုပ်ငန်းအား အရှိန်မြှင့် လုပ်ဆောင်ရန် အဖွဲ့ဝင်နိုင်ငံများအကြား သဘောတူညီမှု ပေါင်းစည်းပေးမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.