Connect with us

Africa & Middle East

တူရကီနိုင်ငံ၌ ပြည်သူ ၄ ဒသမ ၂ သန်းကျော်မှာ ဒုတိယအကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း သိရ

တူရကီနိုင်ငံ၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးက COVID-19 ကာကွယ်ဆေးအား ပြသနေစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ် ၊ မတ် ၁၈ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ၌ ပြည်သူ ၄ ဒသမ ၂ သန်းကျော်မှာ တရုတ်နိုင်ငံ Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၇ ရက်တွင် ကြေညာခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယခုအချိန်ထိ စုစုပေါင်း ကာကွယ်ဆေး ၁၂ ဒသမ ၂ သန်းကျော်အား ဖြန့်ဝေပေးထားကြောင်း ဝန်ကြီးဌာန၏ Website တွင် ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

တူရကီနိုင်ငံ၌ အမျိုးသား တစ်ဦး COVID-19 ကာကွယ်ဆေး ထိုးနှံမှု ခံယူနေစဉ်(ဆင်ဟွာ) 

ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသော ပြည်သူများ၏ အရေအတွက်မှာ ၇ ဒသမ ၉ သန်းအထိ ရှိကြောင်းလည်း အချက်အလက်တွင် ထည့်သွင်း ဖော်ပြထားသည်။
နိုင်ငံ၏ အကြီးဆုံး မြို့ဖြစ်ပြီး လူဦးရေ ၁၆ သန်းကျော် ရှိသည့် အစ္စတန်ဘူလ်မြို့၌ အသက် ၆၅ နှင့်အထက် ပြည်သူများ၏ ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးနှုန်းမှာ ၇၁ ရာခိုင်နှုန်း ရှိပြီ ဖြစ်ကြောင်း အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူး Ali Yerlikaya က မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူး Ali Yerlikaya က ကာကွယ်ဆေး မထိုးနှံရသေးသောသူများ အနေဖြင့် ရက်ချိန်း ပြုလုပ်ပြီး တတ်နိုင်သမျှ အမြန်ဆုံး ကာကွယ်ဆေးထိုးနှံကြရန် တိုက်တွန်းခဲ့သည်။
လူဦးရေ ၈၃ သန်းကျော် ရှိသည့် တူရကီနိုင်ငံ၌ ကာကွယ်ဆေး ထိုးနှံသည့် အစီအစဉ်အား ဇန်နဝါရီလလယ်တွင် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းများနှင့် အသက်အရွယ်ကြီးရင့်သူများ နှင့်အတူ စတင်ခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံ အစိုးရသည် မကြာသေးမီက အနိမ့်ဆုံး နှင့် အလယ်အလတ် ထိခိုက်မှုများ ရှိခဲ့သော ပြည်နယ်များရှိ စားသောက်ဆိုင်များ နှင့် ကော်ဖီဆိုင်များအား ဖွင့်လှစ်ခြင်းကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် နှင့် သက်ဆိုင်သည့် ကန့်သတ်ချက်များစွာကို ဖြေလျော့ပေးခဲ့ပြီး တစ်ဖြည်းဖြည်း နှင့် ပုံမှန်အခြေအနေသို့ ရောက်ရှိအောင် ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
———————————————
(English Version)

Over 4.2 mln Turks receive 2nd COVID-19 doses: ministry

ISTANBUL, March 17 (Xinhua) — More than 4.2 million Turkish people have received their second doses of the COVID-19 vaccine developed by China’s Sinovac Biotech, the Turkish Health Ministry announced on Wednesday.
So far, over 12.2 million doses have been administrated in total as part of the ongoing nationwide vaccination campaign, according to the data released on the ministry’s website.
The number of people who received their first doses hit 7.9 million, data also showed.
On Tuesday, Istanbul Governor Ali Yerlikaya said the vaccination rate among citizens aged 65 and older reached 71 percent in Istanbul, the country’s largest city with over 16 million population.
Yerlikaya urged those who have not been vaccinated yet to make appointments and get their jab as soon as possible.
With a population of 83 million, Turkey started its vaccination rollout in mid-January, with priority for healthcare workers and the elderly.
The Turkish government has recently launched a gradual and controlled normalization period, easing several coronavirus-related restrictions, such as opening restaurants and cafes in low and medium-risk provinces. ■