Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ(၈)ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်မြို့ ဆေးရုံတစ်ခုတွင် ဒဏ်ရာရရှိသည့် ကလေးငယ်တစ်ဦး ဆေးကုသမှုခံယူနေသည်ကို မတ် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်၊ မတ် ၁၄ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ် မြို့တော် ဟီရတ်တွင် မတ် ၁၂ ရက်ညပိုင်းက ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှင့်အရပ်သားအပါအဝင် လူ(၈)ဦးသေဆုံး ပြီး (၅၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် အစိုးရအရာရှိတစ်ဦးက မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးသည် မတ် ၁၂ ရက် ညပိုင်းက ဟီရတ်မြို့ အမှတ် (၁၄) ရဲတပ်ဖွဲ့ဒေသရှိ စစ်ဆေးရေးဂိတ်အနီး ဖောက်ခွဲခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၁) ဦး နှင့် အရပ်သား (၇)ဦး သေဆုံးခဲ့ကြောင်း ၊ ထို့အပြင် ရဲတပ်ဖွဲ့ဝင် (၇)ဦး၊ အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် လူပေါင်း (၅၄)ဦး ဒဏ်ရာရရှိပြီး လူနေအိမ်ခြေ (၁၄)လုံး ပျက်စီးခဲ့ကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tariq Arian က ဆင်ဟွာသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်မြို့ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာရှိ ပျက်စီးနေသည့် အဆောက်အဦများအား မတ် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်မြို့ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား မတ် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်မြို့ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအနီးတစ်ဝိုက်ရှိ ပျက်စီးနေသည့် အဆောက်အဦများအား မတ် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်မြို့ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား မတ် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ မည်သည့်အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။ဟီရတ်ပြည်နယ် အချို့ဒေသများတွင် တာလီဘန်အပါအဝင် လက်နက်ကိုင်အဖွဲ့များစွာက လှုပ်ရှားလျက်ရှိသည်။ အာဖဂန်အစိုးရနှင့်တာလီဘန်တို့အကြား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၂ ရက်က ကာတာနိုင်ငံတွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများ လုပ်ခဲ့သော်လည်း ကွဲလွဲမှုများကြောင့် ခရီးမပေါက်ဘဲ နှောင့်နှေးနေခဲ့သည်။ တာလီဘန်လက်နက်ကိုင်များက စစ်တပ်၊ ရဲတပ်ဖွဲ့၊ အရာရှိနှင့် အစိုးရဌာနများကို မကြာခဏတိုက်ခိုက်လျက်ရှိသလို အစိုးရဘက်မှလည်း တာလီဘန်လက်နက်ကိုင်များအပေါ် တိုက်ခိုက်မှုကို လျှော့ချဆောင်ရွက်ခြင်းမျိုးမရှိကြောင်း သိရသည်။ (Xinhua)

————————————
(Chinese Version)

(国际)阿富汗西部汽车炸弹袭击致死8人

 新华社喀布尔3月13日电(记者史先涛)阿富汗官员13日说,西部赫拉特省首府赫拉特市12日晚发生汽车炸弹袭击,造成包括警察与平民在内8人死亡、54人受伤。
  阿富汗内政部发言人塔里克•阿里安在接受新华社记者电话采访时说,12日晚,一辆装载炸药的汽车在赫拉特市第14警区一个检查站附近被引爆,造成1名警察和7名平民死亡,另有包括7名警察和多名妇女儿童在内的54人受伤,14栋房屋受损。
  尚无组织和个人声称制造了这起袭击事件。
 在赫拉特省部分地区,活跃着包括塔利班在内的多个武装组织。阿富汗政府与塔利班于2020年9月12日在卡塔尔启动和平谈判,但因分歧多而进展缓慢。塔利班武装频繁袭击军队、警察、官员以及政府机构,政府方面也一直没有放松对塔利班武装的打击。(完)

图说1: 3月13日,一名受伤儿童在阿富汗赫拉特市一家医院接受治疗。
图说2: 3月13日,在阿富汗赫拉特市汽车炸弹袭击现场附近拍摄的受损的建筑。
图说3: 3月13日,在阿富汗赫拉特市拍摄的汽车炸弹袭击现场。
图说4:3月13日,在阿富汗赫拉特市汽车炸弹袭击现场附近拍摄的受损的建筑。
图说5:3月13日,在阿富汗赫拉特市拍摄的汽车炸弹袭击现场。