ခါတွန် ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ အရှေ့ပိုင်း Gadaref ပြည်နယ်တွင် ဒီဇင်ဘာ ၉ ရက်က ရဟတ်ယာဉ်တစ်စီးပျက်ကျမှု ဖြစ်ပွားရာ ဒေသခံ အစိုးရအရာရှိ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထရီပိုလီ ၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံအလယ်ပိုင်း Fug’ha မြို့၌ လွန်ခဲ့သော ၂ လကျော်က ပြန်ပေးဆွဲခံရသည့် ဓားစာခံ ၆ ဦးကို အိုင်အက်စ်(IS) စစ်သွေးကြွများက သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း လစ်ဗျားအစိုးရအရာရှိတစ်ဦးက ဒီဇင်ဘာ ၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဆူဒန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံမြောက်ပိုင်း တွင် ရွှေတွင်းပြိုကျမှုကြောင့် ဒီဇင်ဘာ ၆ရက်နေ့ကတည်းက ပိတ်မိနေသော မိုင်းလုပ်သား ၁၀ ဦး ကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း ဆူဒန်နိုင်ငံ သဘာဝတွင်းထွက်အရင်းအမြစ် ကုမ္ပဏီ က ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ခါတွန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ မြောက်ပိုင်းတွင် ရွှေတွင်းပြိုကျမှုကြောင့် မိုင်းတွင်းလုပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးမှာ အတွင်း၌ ပိတ်မိနေခဲ့ကြောင်း ဆူဒန်နိုင်ငံ သတ္တုအရင်းအမြစ်များကုမ္ပဏီက ဒီဇင်ဘာလ ၈ ရက်ညနေပိုင်းတွင် ကြေညာလိုက်သည်။
အစ္စတန်ဘူ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မင်းသားနှင့် ရုပ်ရှင်ထုတ်လုပ်သူ ရှောင်ပန် (Sean Penn) နှင့် ၎င်း၏အဖွဲ့တို့သည် ဆော်ဒီနိုင်ငံသား သတင်းထောက် ဂျမယ်လ် ခါရှိုဂျီ (Jamal Khashoggi) အသတ်ခံရမှု မှတ်တမ်းရုပ်ရှင်အတွက် အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီအာရေဗျနိုင်ငံ ကောင်စစ်ဝန်ရုံးရှေ့တွင် ဒီဇင်ဘာလ ၅...
ဖာရာ့၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Farah ပြည်နယ် တွင် နေတိုးဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံတာလီဘန် ခေါင်းဆောင်တစ်ဦး အပါအဝင် အနည်းဆုံး တာလီဘန်စစ်သွေးကြွ ၁၉ ဦး သေဆုံးပြီး အခြားလူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ...
တီဟီရန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ ရေနံဝန်ကြီးဌာန ဝန်ကြီး က လာမည့် ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) အစည်းအဝေး တွင် ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံအလွန်အကျွံရောင်းချမှု နှင့် ပတ်သက်၍ ဆွေးနွေးကြလိမ့်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၅ရက်ကပြောကြားခဲ့သည်။
တီဟီရန်၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) အီရန်သည် အမေရိကန်၏ပိတ်ဆို့မှုများကြောင့် ရေနံမတင်ပို့နိုင်ပါက ပင်လယ်ကွေ့ဒေသများ၏ရေနံတင်ပို့မှုကိုလည်း အတားအဆီးဖြစ်စေနိုင်ကြောင်း အီရန်သမ္မတ Hassan Rouhaniက ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
အက်ဒစ်အဘာဘာ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း Amhara ပြည်နယ် တွင် လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေးငယ် ၂ဦး သေဆုံးခဲ့ကြောင်း Fana Broadcasting Corporate (FBC) က ဒီဇင်ဘာ ၄ရက်တွင်ဖော်ပြခဲ့သည်။
ကဘူးလ်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် ဒီဇင်ဘာ ၃ ရက်က အရပ်သားနှင့်လုံခြုံရေးရဲတပ်ဖွဲ့ဝင် အကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ရဲဝန်ထမ်း ၁ ဦး သေဆုံးပြီး အခြားလူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။