Connect with us

Africa & Middle East

အီရန် နှင့် ဆီးရီးယားအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု “ဘက်စုံ” တိုးချဲ့ရန် သဘောတူလက်မှတ်ရေးထိုး

တီဟီရန် ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) 

အီရန် နှင့် ဆီးရီးယားနိုင်ငံတို့အကြား စစ်ရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု “ ဘက်စုံ” တိုးချဲ့ရန် ဇူလိုင် ၈ ရက်က သဘောတူလက်မှတ်တစ်ခု ရေးထိုးခဲ့ကြောင်း အီရန်နိုင်ငံပိုင် Fars News သတင်းအေဂျင်က ဖော်ပြခဲ့သည်။

ယင်းသဘောတူညီချက်ကို အီရန်စစ်တပ်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် Mohammad Baqeri နှင့် ဆီးရီးယား ကာကွယ်ရေးဝန်ကြီး Ali Abdullah Ayyoub တို့ က ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။အဆိုပါ သဘောတူညီချက်တစ်စိတ်တစ်ပိုင်းအဖြစ် အီရန်နိုင်ငံက ဆီးရီးယားနိုင်ငံ၏ လေတပ်ကာကွယ်ရေးစနစ်ကို မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း Baqeri က ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အီရန်နိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ်Mohammad Hossein Bagheri ( ဝဲ ) နှင့် ဆီးရီးယားနိုင်ငံကာကွယ်ရေးဝန်ကြီး Ali Abdullah Ayyoub(ယာ) တို့ ဘက်စုံပူးပေါင်းဆောင်ရွက်မှု စစ်ရေးသဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်(ဆင်ဟွာ)

“ အမေရိကန်နိုင်ငံရဲ့ ဖိအားပေးမှုကို ရင်ဆိုင်ဖို့ လက်တွဲပူးပေါင်းဆောင်ရွက်မယ့် ကျွန်ုပ်တို့ရဲ့ သန္နိဌာန်ဆုံးဖြတ်ချက်ကို ပိုပြီး တိုးမြှင့်လိုက်ခြင်းဖြစ်ပါတယ်” ဟု Baqeri က ဆိုသည်။ဒေသအတွင်း အမေရိကန်နိုင်ငံက လာရောက်တပ်စွဲထားခြင်းအပေါ် ယင်းဒေသရှိ ပြည်သူများနှင့် နိုင်ငံများက ကြိုဆို လက်ခံခြင်းမရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

အီရန်နိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ်Mohammad Hossein Bagheri ( ဝဲ ) နှင့် ဆီးရီးယားနိုင်ငံကာကွယ်ရေးဝန်ကြီး Ali Abdullah Ayyoub(ယာ) တို့ ဘက်စုံပူးပေါင်းဆောင်ရွက်မှု စစ်ရေးသဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်(ဆင်ဟွာ)

အီရန်နိုင်ငံစစ်ဦးစီးချုပ်က ပြဿနာများကို ဖြေရှင်းရန်အတွက် ဆီးရီးယားနိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်သွားရန်လည်း တူရကီနိုင်ငံအား တိုက်တွန်းပြောကြားခဲ့သည်။ဆီးရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Ayyoub က အမေရိကန်နိုင်ငံအနေဖြင့် အီရန် ၊ ဆီးရီးယား နှင့် ၎င်းတို့၏ ခံခုနိုင်စွမ်းကို ဒူးထောက်အရှုံးပေးအောင် လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ဆီးရီးယားနိုင်ငံ၌ ၂၀၁၁ ခုနှစ်ကတည်းက စတင်ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပုန်ကန်မှုများအား နှိမ်နင်းရာတွင် အီရန်နိုင်ငံသည် ဆီးရီးယားအစိုးရ၏ အဓိက မဟာမိတ်တစ်ဦးအဖြစ် တည်ရှိခဲ့ကြောင်း သိရသည်။(Xinhua)