Connect with us

Africa & Middle East

တရုတ်နိုင်ငံနှင့် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု တူနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြော

တူနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Noureddine Erray (ရှေ့တန်း၊ ဝဲဘက် ဒုတိယမြောက်) တူးနစ်မြို့တွင် တရုတ်ကုမ္ပဏီက တည်ဆောက်ထားသော တူနီးရှား သံတမန်အကယ်ဒမီ စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်လေ့လာနေစဉ် (ဆင်ဟွာ)

တူးနစ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Noureddine Erray က ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့ဦးဆောင်သူအဖြစ် တရုတ်နိုင်ငံက ရောက်ရှိနေသော နယ်ပယ်များတွင် နက်ရှိုင်းစွာလုပ်ဆောင်သွားသင့်ကြောင်း  တူနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၆ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့်ပြုလုပ်သည့် ၉ ကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဝန်ကြီးအဆင့် အစည်းအဝေး၌ ပြောခဲ့သည်။ 

ခရီးသွားလုပ်ငန်းကဏ္ဍတွင် အာရပ်-တရုတ် ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ရန် အလွန်အရေးပါကြောင်းလည်း Erray က ဖြည့်စွက်ပြောခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် နိုင်ငံတာကာ စည်းလုံးညီညွတ်မှုက အရေးကြီးကြောင်း ဝန်ကြီးက မီးမောင်းထိုးပြခဲ့သည်။ 

ထို့ပြင် Erray က ပါလက်စတိုင်း ပြည်သူများအတွက် တူနီးရှားနိုင်ငံ၏ ထောက်ခံမှုကို ထပ်လောင်းပြောကြားခဲ့ပြီး အာရပ်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို ကာကွယ်ရန် လိုအပ်ကြောင်း အလေးထားပြောခဲ့ကာ လစ်ဗျားအရေးအပါအဝင် နိုင်ငံရေးအကျပ်အတည်းများကို အဖြေရှာရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.