ဒမက်စကက်စ်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ဆီးရီးယားသမ္မတ Bashar al-Assadက ပြင်သစ်အစိုးရပေးအပ်သည့် Legion of Honour ဂုဏ်ပြုဆု တံဆိပ်အားပြန်လည် အပ်နှင်းခဲ့သည်ဟု ဆီးရီးယားသမ္မတအိမ်တော် ပြန်ကြားရေးရုံးက ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည့်ကြေညာချက်ဖော်ပြထားသည်။
ဂျေရုဆလင်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ဧပြီလ ၁၉ ရက်တွင် ကျင်းပသော အစ္စရေးနိုင်ငံလွတ်လပ်ရေးနေ့၌ အစ္စရေးအစိုးရနှင့် လူမှုအဖွဲ့အစည်းနယ်ပယ်အသီးသီးလူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး အစ္စရေးနိုင်ငံတည်ထောင်သည့် နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုခဲ့ကြကြောင်း သိရှိရသည်။
နိုင်ရိုဘီ ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ဧပြီလ ၁၈ ရက်က ဆိုမာလီယာ တောင်ပိုင်း Middle Shabelleပြည်နယ်တွင် အယ်လ်ရှာဘတ် (Al-Shabaab)အစွန်းရောက်လက်နက်ကိုင်အဖွဲ့က ဆိုမာလီယာအစိုးရတပ်ကို တိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံး အစိုးရ စစ်သား ၂ ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ အစိုးရအရာရှိတစ်ဦးက ထိုနေ့တွင်ပြောကြားခဲ့သည်။
တီဟီရန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ပါရှန်ပင်လယ်ကွေ့တွင် ဧပြီ ၁၇ ရက် ညနေပိုင်းက အီရန် ရဟတ်ယာဉ် ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးကြောင်း နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။
ဘဂ္ဂဒတ်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ က နိုင်ငံတကာ မှ သေဒဏ်ပေးမှုကို အဆုံးသတ်ရန် ဖိအားပေးမှုများ ရှိနေသော်လည်း အကြမ်းဖက်ပြစ်မှုများဖြင့် စွဲချက်တင်ခံထားရသော အကျဉ်းသား ၁၃ဦးကို ကွပ်မျက်ခဲ့ကြောင်း ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ဒမတ်စကပ်စ် ၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ဆီးရီးယား နိုင်ငံ လေကြောင်း ကာကွယ်ရေး က ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် စစ်ဘက်ဆိုင်ရာ လေတပ်စခန်း ၂ ခု အား ပစ်မှတ်ထား တိုက်ခိုက်လာသည့် ဒုံးကျည်များအား ကာကွယ်တားဆီး နိုင်ခဲ့ကြောင်း...
ဒါရန် ၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ) တစ်ရက်တာ ကျင်းပသော အာရပ် ထိပ်သီး ဆွေးနွေးပွဲ(Arab League summit)ကို ဧပြီလ ၁၅ ရက်တွင် ဆော်ဒီအာရေဗျအရှေ့ပိုင်း ဒါရန်(Dhahran)မြို့၌ ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင် အာရပ် ခေါင်းဆောင်များက နိုင်ငံတကာအသိုင်းအဝိုင်းအား ဆီးရီးယား၏ ဓာတုလက်နက်သုံးတိုက်ခိုက်မှုကို သီးခြားစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်းသိရှိရသည်။
အက်ရာ၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဂါနာနိုင်ငံ မြောက်ပိုင်း တွင် ဧပြီ ၁၄ရက် အစောပိုင်းက ခရီးသည်တင်ဘတ်စ်ကားတစ်စီး နှင့် အခြား ယာဉ် ၂စီး တိုက်မိခဲ့ရာ လူ ၁၈ဦး သေဆုံးပြီး အခြားလူ ၇၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ကဘူးလ် ၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ်ရှိ လျှပ်စစ်ဓာတ်အားပေး အဆောက်အအုံတစ်ခုကို ဧပြီလ ၁၄ ရက်က တာလီဘန်လက်နက်ကိုင်များဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြို့တော်ကဘူးလ်ရှိ နေရာတော်တော်များများ တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
လန်ဒန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဇာမေက ဆီးရီးယားတွင် တရားမဝင် ဓာတုလက်နက်များအသုံးပြုမှုကို တန်ပြန်အရေးယူဆောင်ရွက်သည့်အနေဖြင့် ဆီးရီးယားအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ရန် ဗြိတိန်လက်နက်ကိုင်တပ်ဖွဲ့များအား အခွင့်အာဏာပေးအပ်လိုက်ကြောင့် ဧပြီ ၁၄ ရက် ကပြောကြားလိုက်သည်။ (Xinhua)