Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ ကိုင်ရိုမြို ့ဗုံးခွဲ တိုက်ခိုက်မှုအား လစ်ဗျား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြစ်တင် ရှုတ်ချ

အီဂျစ်နိုင်ငံ မြို့ တော် ကိုင်ရို၌ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး မြင်ကွင်းအား တွေ့ ရစဉ်(ဆင်ဟွာ)

ထရိုပိုလီ ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရို၌ ဖေဖော်ဝါရီ ၁၈ ရက်က ဗုံးကွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကာ လူ ၃ ဦး သေဆုံးပြီး အခြား လူပေါင်းများစွာ ဒဏ်ရာ ရရှိစေခဲ့သော ဗုံးခွဲ တိုက်ခိုက်မှု အပေါ် လစ်ဗျား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြစ်တင် ရှုတ်ချ ခဲ့ကြောင်း သိရသည်။

ကိုင်ရိုမြို့ al-Darb al-Ahmar ခရိုင်တွင် ဖေဖော်ဝါရီ ၁၈ ရက်က အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု အပေါ် ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချကြောင်း လစ်ဗျား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။အီဂျစ် နိုင်ငံ နှင့် အတူ နိုင်ငံ တည်ငြိမ်ရေး နှင့် နိုင်ငံသားများ လုံခြုံရေး တို့အား ထိန်းသိမ်းရန် အပြည့်အ၀ စည်းလုံး ညီညွှတ်စွာဖြင့် ကြိုးစား အားထုတ်သွားမည် ဖြစ်ကြောင်း ၊ အကြမ်းဖက် ဝါဒအား မည်သို့သော ပုံစံမျိုး နှင့် ဖြစ်စေ ရင်ဆိုင် ဖြေရှင်းရာတွင် လစ်ဗျား နိုင်ငံက ရပ်တည်သွားမည် ဖြစ်ကြောင်း လစ်ဗျား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထပ်မံ အတည်ပြုခဲ့ပြီး အကြမ်းဖက် ဝါဒသည် တန်ဖိုး ၊ ဓလေ့ထုံးတမ်း နှင့် ယုံကြည် ကိုးကွယ်မှုများ အားလုံးကို ကျူးလွန်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို ့ရှိ ရပ်ကွက် တစ်ခုတွင် ဖေဖော်ဝါရီ ၁၈ ရက်က အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် အီဂျစ် ရဲနှစ်ဦး သေဆုံးကာ အခြား ရဲသုံးဦးမှာလည်း ဒဏ်ရာ ရရှိခဲ့ကြောင်း ၊ အကြမ်းဖက် တိုက်ခိုက်သူအား ရဲအရာရှိများက ဝိုင်းဝန်း ဖမ်းဆီးပြီးနောက် စနက်တံအား ဖြုတ်၍ အဆုံးစီရင် ပေါက်ကွဲခဲ့ကြောင်း အီဂျစ်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။အီဂျစ် နိုင်ငံတွင် ၂၀၁၃ ခုနှစ် ဇူလိုင်လမှ စတင်၍ အဆက်မပြတ် ဗုံးခွဲ တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရကာ မြောက်ပိုင်း ဆိုင်းနိူင်း ပြည်နယ် နှင့် ကိုင်ရို အပါအဝင် အခြား ပြည်နယ်များအား ပစ်မှတ်ထားခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117