ဘဂ္ဂဒက် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) ဇွန် ၁၆ ရက် ညနေပိုင်းက Nangarharပြည်နယ် Jalalabad မြို့ဆင်ခြေဖုံးရှိ လူအစုအဝေးတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ကားဗုံးခွဲတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း IS အစွန်းရောက်များက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ကိုင်ရို၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ ရေနံ နှင့် သဘာဝဓါတ်ငွေ့ ဝန်ကြီးဌာနက အီဂျစ်နိုင်ငံ သည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ချေးငွေဆိုင်ရာ စာချုပ်တစ်ခု ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် နှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အား ရှေ့ဆက်ဆောင်ရွက်နိုင်ရန်အတွက် ဇွန် ၁၆ ရက်တွင်...
La Paz ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) ဘိုလီးဗီးယားနိုင်ငံ အနောက်တောင်ပိုင်း ကျေးလက် အဝေးပြေးလမ်းတစ်လျှောက်တွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်ကာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဘူဂျာ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း တွင် သေနတ်သမားများ၏ တိုက်ခိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၁၀ဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဇွန် ၁၃ ရက်တွင်ပြောကြားခဲ့သည်။
ဒမတ်စကပ်စ် ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့ က ဇွန်လ ၁၁ ရက် နှင့် ၁၂ ရက် နှစ်ရက်ဆက်တိုက် ဆီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း Al-Hasakah ပြည်နယ် အား လေကြောင်း ဗုံးကြဲ...
တီဟီရန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) အီရန်မြို့တော် တီဟီရန်တွင် ဇွန်လ ၁၁ ရက်နေ့ညပိုင်းမှ ၁၂ ရက်နေ့နံနက်ပိုင်းအတွင်း မိုးကြိုးပစ်ခတ်မှုနှင့်လေပြင်းတိုက်ခတ်မှုများကြောင့် ယခုလက်ရှိ ဒဏ်ရာရသူ အနည်းဆုံး ၁၈ ဦး ရှိကြောင်း သိရသည်။
တီဟီရန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) အီရန်နိုင်ငံအနေဖြင့် အကြမ်းဖက်အဖွဲ့များအား ဘဏ္ဍာရေးအရ ထောက်ပံံ့ကူညီနေကြောင်း စွပ်စွဲထားသည့် စက်မှုထိပ်သီးနိုင်ငံများအဖွဲ့(G7)၏ မကြာသေးခင်က ထုတ်ပြန်ခဲ့သော ကြေညာချက်ကို အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၁၁ ရက်တွင် ပယ်ချလိုက်သည်။
ဘဂ္ဂဒက် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) အီရတ်အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဆန္ဒမဲသေတ္တာများထားရှိသည့် ဂိုဒေါင်မီးလောင်မှု ဖြစ်ပွားအောင်လုပ်ဆောင်သည်ဟု သံသယရှိသူ ၄ ဦးအား အီရတ် ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြောင်း အီရတ်တရားစီရင်ရေးဌာနက ဇွန်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ကူဝိတ်စီးတီး ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ယီမင် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ပြီးခဲ့သည့် တစ်ပတ်တာ ကာလ အတွင်း ယီမင် နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် Al Hudaydah ပြည်နယ် အတွင်း အနည်းဆုံး ဟူသီ...
ဆာနား၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံအနောက်ပိုင်း Al Hudaydahပြည်နယ် နေရာအနှံ့တွင် အစိုးရတပ်နှင့် ဟူသီလက်နက်ကိုင် တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားသောကြောင့် လူ ၄၀ သေဆုံးပြီး ဒဏ်ရာရသူ ဒါဇင်နှင့်ချီရှိ ကြောင်း ယီမင်ဒေသခံ ကျန်းမာရေးအရာရှိတစ်ဦးက ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။