Connect with us

Africa & Middle East

အာဖဂန်နစ္စတန် တွင် သမ္မတရွေးကောက်ပွဲအား နောက် ၃လ အထိ ရွှေ့ဆိုင်း

အာဖဂန်နစ္စတန် တွင် ယခင်ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်လွတ်လပ်သောရွေးကောက်ပွဲကော်မရှင် (IEC) သည် နိုင်ငံ၏ လေးကြိမ်မြောက် သမ္မတရွေးကောက်ပွဲအတွက် ကျင်းပမည့် ရက်အသစ်ကို ဇူလိုင် ၂၀ရက် အဖြစ် သတ်မှတ်ခဲ့ကြောင်း IEC တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၃၀ရက်တွင်ပြောကြားခဲ့သည်။

IEC ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Abdul Aziz Ibrahimi က အချို့သော အကြောင်းအရာများ နှင့် IEC တွင် လက်ရှိဖြစ်ပွားနေသော ကိစ္စရပ်များကြောင့် IEC အနေဖြင့် ၂၀၁၉ခုနှစ် ဧပြီ၂၀ရက်တွင် ရွေးကောက်ပွဲကျင်းပပေးနိုင်လိမ့်မည်မဟုတ်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

၎င်းက IEC သည် သမ္မတရွေးကောက်ပွဲအား ၂၀၁၉ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ကျင်းပရန်ဆုံးဖြတ်ခဲ့ပြီး ကော်မရှင်သည် ရွေးကောက်ပွဲအသစ်အတွက် အချိန်စာရင်းအား မီဒီယာသို့ မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲရွှေ့ဆိုင်းရသည့် အကြောင်းအရာများတွင် လုံခြုံရေးအခြေအနေ၊ လုပ်ငန်းအစီအစဉ် နှင့် နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များပါဝင်ကြောင်း ၎င်းကပြောကြားခဲ့သည်။

၂၀၁၈ခုနှစ် အောက်တိုဘာ ၂၀ရက်တွင် ကျင်းပသော နိုင်ငံ၏ ပါလီမန်ရွေးကောက်ပွဲရလဒ်များကို IEC ကထုတ်ပြန်ကြေညာခဲ့ခြင်းမရှိသေးသောကြောင့် ယခု ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.