Connect with us

Africa & Middle East

ကွန်ဂို(ကင်ရှာဆာ)နိုင်ငံ ရွေးကောက်ပွဲ မဲရုံတစ်ခုတွင် ရဲတပ်ဖွဲ့နှင့် အရပ်သားအကြား ပဋ္ဋိပက္ခဖြစ်ပွားမှုကြောင့် လူ ၂ ဦး သေဆုံး

ရွေးကောက်ပွဲကာလ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ကင်ရှာဆာမြို့အားတွေ့ရစဉ် (ဆင်ဟွာ)

ကင်ရှာဆာ ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

ကွန်ဂို(ကင်ရှာဆာ)နိုင်ငံ အရှေ့ပိုင်း South-Kivuပြည်နယ်ရှိ ရွေးကောက်ပွဲမဲရုံတစ်ခုတွင် ဒီဇင်ဘာ ၃၀ ရက်က အရပ်သားနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်အကြား ပဋိပက္ခဖြစ်ပွားရာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် အမျိုးသားတစ်ဦးက အချင်းဖြစ်နေရာ မဲရုံသို့ ရောက်ရှိလာပြီး ဆန္ဒမဲပေးနေသူများအား လက်ရှိအာဏာရပါတီ သမ္မတလောင်းအဖြစ်ရွေးချယ်ခံရသူ ၊ ယခင်ပြည်ထဲရေးဝန်ကြီး Emmanuel Ramazani Shadaryကို မဲပေးရန် တောင်းဆိုတိုက်တွန်းရာမှ အုတ်အုတ်သဲသဲ ဆူဆူညံညံဖြစ်ခဲ့ရကြောင်း ဒေသခံမီဒီယာများ၏ သတင်းများအရသိရသည်။

ဆူပူလှုပ်ရှားမှုများတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက အရပ်သားမဲဆန္ဒရှင်တစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ ကြောင်း ၊ ဒေါသထွက်နေသည့်လူအုပ်ကြီးကလည်း ရဲတပ်ဖွဲ့ဝင်အား ဝိုင်းဝန်းရိုက်နှက်သဖြင့် ရဲတပ်ဖွဲ့ဝင်မှာ သေဆုံးခဲ့ကြောင်း သိရသည်။ အချင်းဖြစ်နေရာတွင် အခြားဒဏ်ရာရသူ ၂ ဦးလည်း ရှိသေးကြောင်း သိရသည်။

ကွန်ဂို(ကင်ရှာဆာ)သမ္မတ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၃၀ ရက်တွင် စတင်ကျင်းပခဲ့ပြီး စုစုပေါင်း သမ္မတလောင်း ၂၁ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

လက်ရှိသမ္မတ Joseph Kabila၏ သမ္မတ သက်တမ်းမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ကုန်ဆုံးပြီဖြစ် သော်လည်း သမ္မတသစ် ရွေးကောက်ပွဲကို အကြိမ်ပေါင်းများစွာ ရွှေ့ဆိုင်းခဲ့သောကြောင့် ဆန္ဒပြမှုများ၊ သွေးထွက်သံယိုပဋိပက္ခများဖြစ်ပွားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.