ဝါရှင်တန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က ပါကစ္စတန်နိုင်ငံသို့ ပံ့ပိုးပေးနေသည့် လုံခြုံရေးဆိုင်ရာ အထောက်အပံ့များကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၄ရက်တွင်ကြေညာခဲ့သည်။
ကဘူးလ် ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် တွင် ဇန်နဝါရီ ၄ ရက်နေ့၌ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၁ ဦး သေဆုံး ခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
ဂျိုဟန်နက်စ်ဘာ့တ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံတွင် ဇန်နဝါရီ ၄ ရက် က ဖြစ်ပွားခဲ့သည့် ရထားလမ်းချော်မှုကြောင့် သေဆုံးသူဦးရေသည် လူ ၂၀ဦးအထိမြင့်တက်လာပြီး လူ ၂၆၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖရီးစတိတ်ပြည်နယ် ကျန်းမာရေးဋ္ဌာန တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
ဇင်ဘာဘွေ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံတောင်ပိုင်း ဘူလာဝါယိုမြို့တောင်ဘက် ၄၀ကီလိုမီတာ အကွာခန့် ရှိ မာတိုပို့စ် အမျိုးသားဥယျာဉ်၌ ဒီဇင်ဘာ၃၁ရက်တွင် ကမ္ဘာလှည့်ခရီးသည် ၂ဦး ကနူးလှေစီးနေစဉ် မိကျောင်းများ၏ တိုက်ခိုက်မှုကြောင့် ကမ္ဘာလှည့်ခရီးသည် တစ်ဦး သေဆုံးပြီး ကျန်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အယ်ဂျီးယား ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယား နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ ၏ ထုတ်ပြန်ချက် အရ ဇန်နဝါရီ ၂ ရက်နေ့ ညပိုင်းအချိန်တွင် အင်အား ရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် ခဲ့ကြောင်း...
အဘူဂျာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံမှ ရေနံပေါများစွာ ထွက်ရှိသည့် Rivers ပြည်နယ်တွင် ဇန်နဝါရီလ ၁ ရက် အစောပိုင်းက သန်းခေါင်ယံ ဝတ်ပြုဆုတောင်းပွဲမှ ပြန်လာသူများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အနည်းဆုံး ဝတ်ပြုဆုတောင်းသူ ၂၁ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိတစ်ဦးက...
ဖာရာ၊ အာဖဂန်နစ္စတန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဖာရာပြည်နယ်တွင် သောင်းကျန်းသူများက ညဘက် ချုံခိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ခရိုင်ရဲချုပ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂ ရက်က ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) အကြမ်းဖက်ဝါဒတိုက်ဖျက်မှုတွင် ပါကစ္စတန်နိုင်ငံ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ သံသယရှိသည်ဟု အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားချက်အပေါ် ပါကစ္စတန်နိုင်ငံက ဆန့်ကျင်ကြောင်း စာတစ်စောင်ကို အမေရိကန်သံအမတ်ထံ ဇန်နဝါရီလ ညနေပိုင်းက ပေးပို့ခဲ့ကြောင်း ဒေသတွင်းမီဒီယာက ရေးသားဖော်ပြခဲ့သည်။
ဆာနား၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံရှိ ပင်လယ်နီဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော Hodeidah မြို့ရှိ လူစည်ကားသော ဈေးတစ်ခု နှင့် ဓါတ်ဆီဆိုင်တစ်ဆိုင်ကို ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များက ဇန်နဝါရီ ၁ရက်တွင် လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့၍ အနည်းဆုံးလူ ၂၀ဦးသေဆုံးခဲ့ကြောင်း ဒေသခံလုံခြုံရေးတာဝန်ရှိသူများ နှင့် ဆေးအဖွဲ့များက ပြောကြားခဲ့သည်။
တီဟီရန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများကြောင့် အနည်းဆုံး ဆန္ဒပြသမား ၇ ဦး နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရကြောင်း ဒေသတွင်းမီဒီယာက ဒီဇင်ဘာ ၃၁ ရက်တွင် ဖော်ပြခဲ့သည်။