Connect with us

Africa & Middle East

အာဖဂန်စစ်ဆင်ရေးများအတွင်း စစ်သွေးကြွ ၃၄ဦးသေဆုံး

အာဖဂန်နစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့သော စစ်ဆင်ရေးများ၌ စုစုပေါင်း တာလီဘန် စစ်သွေးကြွ ၃၄ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၃ရက်တွင် ပြောကြားခဲ့သည်။

ဝန်ကြီးဌာနက အာဖဂန်အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး (ANDSF) တပ်ဖွဲ့ဝင်များသည် အာဖဂန်နစ္စတန်နိုင်ငံတစ်လျှောက်တွင် စစ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းစဉ် ၈ခု နှင့် အထူး စစ်ဆင်ရေး ၉၉ခု ဆောင်ရွက်ခဲ့ရာ ရလဒ်အနေဖြင့် လက်နက်ကိုင်စစ်သွေးကြွ ၃၄ဦးကို သုတ်သင်နိုင်ခဲ့ပြီး အခြားစစ်သွေးကြွ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်သွေးကြွတို့၏ ခံစစ်စခန်း ၄ခု၊ IED ဖောက်ခွဲရေးပစ္စည်းများ နှင့် လမ်းမိုင်းထုတ်လုပ်ရေး စက်ရုံတစ်ရုံကို ဖျက်ဆီးခဲ့ကြောင်း နှင့် အဆိုပါကာလအတွင်း အာဖဂန်လေတပ်က လေကြောင်းတိုက်ခိုက်မှု ၈ခု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။တာလီဘန်တို့ဘက်မှ မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။ (Xinhua)