Connect with us

Africa & Middle East

ဆိုမာလီယာ စစ်တပ်မော်တော်ယာဉ်တစ်စီး မိုင်းထိမိမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံး

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးတွင် ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နေရာတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

မိုဂါဒစ်ရှူး ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံ၌ စစ်တပ်မော်တော်ယာဉ်တစ်စီးသည် မိုဂါဒစ်ရှူးမြို့ မြို့ပြင်တွင်မောင်းနှင်နေစဉ် မြေမြှုပ်မိုင်း ထိမိပြီး ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၃ ရက် တွင် ပြောကြားခဲ့သည်။

သေဆုံးသူ ၄ ဦးအနက် ၃ ဦးမှာ တပ်ဖွဲ့ဝင်များဖြစ်ပြီး ၁ ဦးမှာ အရပ်သားဖြစ်ကြောင်း အမည်မဖေါ်လို သူ ရဲအရာရှိတစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည်။

တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ မည်သည့်အဖွဲ့အစည်းကမျှ ကြေညာချက်ထုတ်ပြန်ထားခြင်း မရှိသေး သော်လည်း ဆိုမာလီယာ အယ်လ်ရှာဘတ်(al-Shabaab)များ၏လက်ချက်ဖြစ်နိုင်ကြောင်း သုံးသပ်သူ အချို့က ယူဆကြသည်။

ဆိုမာလီယာ အယ်လ်ရှာဘတ်(al-Shabaab)သည် အယ်လ်ကိုင်ဒါး(Al-Qaeda)နှင့်ဆက်စပ်နေသည့် အစွန်းရောက်အဖွဲ့အစည်းဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့် အိမ်နီးချင်းနိုင်ငံများတွင် အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့သည်။ (Xinhua)