Connect with us

Africa & Middle East

အီရတ်အစိုးရတပ်က အနောက်ကန္တရဒေသတစ်လျှောက်တွင် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေ

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးတွင် ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နေရာတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

အီရတ်အစိုးရစစ်တပ်က နိုဝင်ဘာ ၃ ရက်မှစ၍ အနောက် ကန္တရဒေသတစ်လျှောက်တွင် လုံခြုံရေး လှုပ်ရှားမှုများ အကြီးအကျယ်ဆောင်ရွက်လျက်ရှိပြီး IS အစွန်းရောက် တပ်ကျန်များကို ရှင်းလင်းရေး များ လုပ်ဆောင်နေကြောင်း သိရသည်။

Nineveh ၊ Saladin ၊ Anbarပြည်နယ် ၃ ခုနှင့်ဆက်စပ်နေသည့် ကန္တရဒေသတစ်လျှောက်တွင် ISလက်နက်ကိုင် တပ်ကျန်များကို အမြစ်ပြတ်ရှင်းလင်းရေးလုပ်ငန်းများကို နိုဝင်ဘာ ၃ ရက်မှစ၍ လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ယခုနယ်မြေရှင်းလင်းရေးလှုပ်ရှားမှုကို အီရတ်-ဆီးရီးယားနယ်စပ်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အီရတ်ပူးတွဲစစ်ဆင်ရေး စစ်ဌာနချုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုရက်ပိုင်းများတွင် အီရတ်-ဆီးရီးယား နယ်စပ်လုံခြုံရေးအခြေအနေသည် အပြောင်းအလဲဖြစ်နေ ကြောင်းသိရသည်။ အောက်တိုဘာ ၂၆ ရက်က IS လက်နက်ကိုင် ၂၀၀ ကျော်သည် အီရတ်နှင့် ကပ်လျက်ရှိသည့် ဆီးရီးယားနိုင်ငံ Deir ez-Zor ပြည်နယ် အရှေ့ပိုင်း ကျေးရွာဒေသအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဆီးရီးယားတပ်ဖွဲ့ဝင် အမြောက်အမြား ကျဆုံးပြီး နယ်မြေများ ဆုံးရှုံးခဲ့ရကြောင်း လန်ဒန်ရှိ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြပ်မှုအဖွဲ့၏ သတင်းများ အရသိရသည်။IS လက်နက်ကိုင်များ၏ အီရတ်နယ်မြေအတွင်း ဝင်ရောက်တိုက်ခိုက်မှုများကို ကာကွယ်ရန်နှင့် လုံခြုံရေး အင်အားတိုးမြှင့်ရန် ယခုလ ၂ ရက်တွင် အီရတ်အစိုးရတပ်က တင့်ကား၊ သံချပ်ကာကား စသည့် လက်နက်ကြီးတပ်ဖွဲ့များကို နယ်စပ်သို့ ပို့ဆောင်ထားကြောင်း သိရသည်။ (Xinhua)