ဘဂ္ဂဒတ် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ၌ ရက်ပေါင်းအတော်ကြာဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း အဓိကရုဏ်းဖြစ်ပွားရာမှ လူ ၁၅ ဦးသေဆုံးပြီး ၁၉ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အီရတ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ဘဂ္ဂဒက်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ တောင်ပိုင်း Basra မြို့ ရှိ အီရန်ကောင်စစ်ဝန်ရုံး အား ဆန္ဒပြသူများစွာ က ဝင်ရောက်စီးနင်းခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားချိန်တွင် အဆောက်အအုံအား မီးရှို့ခဲ့ကြောင်း ဒေသခံလုံခြုံရေးသတင်းရင်းမြစ် က စက်တင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။
တီဟီရန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ အရှေ့တောင်ပိုင်း Sistan နှင့် Baluchestan ပြည်နယ် ရှိ Masjed-e hazrat-e aboulfazi ဒေသ၌် စက်တင်ဘာ ၇ ရက် ဒေသစံတော်ချိန် ၁၀း၅၃နာရီတွင် အင်အား ၅.၆ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း...
ကဘူးလ်၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းက အသေခံဗုံးခွဲ တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၆ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် နစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ယင်းနေ့တွင်...
လုအန်ဒါ ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) အင်ဂိုလာနိုင်ငံ အနောက်တောင်ပိုင်း Namibe ပြည်နယ်တွင် စက်တင်ဘာ ၄ရက်က ရထားနှစ်စီးတိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းဒေသအရာရှိတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ကိုင်ရို ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ မြို့လယ်ခေါင်ရှိ အမေရိကန်သံရုံးအနီးတွင် စက်တင်ဘာ ၄ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ၊ သေဆုံးဒဏ်ရာရမှုများ မဖြစ်ပွားခဲ့သော်လည်း သံရုံးကို ခေတ္တခဏ ပိတ်ခဲ့ရကြောင်း သိရသည်။
ကာလာ-အီး-နော် ၊ အာဖဂန်နစ္စတန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Badghis ပြည်နယ်၏ မြို့တော် ကာလာ-အီး-နော်မြို့(Qala-e-Naw) ၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတစ်ခုအတွင်း တာလီဘန်အဓိကတပ်မှူးတစ်ဦး အပါအဝင် စစ်သွေးကြွ ၇ ဦး သေဆုံးသွားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့် ရှိသူ Naqibullah Amini...
တီဟီရန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ မြို့တော် တီဟီရန်မြို့ တွင် စက်တင်ဘာ ၄ ရက် ညနေပိုင်းက ကရိန်းပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးအလုပ်သမား ၆ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းဌာန က ဖော်ပြခဲ့သည်။
ကိုင်ရို၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ သို့ ၂၀၁၈ခုနှစ်တွင် လာရောက်သော အီဂျစ်ဘုရားဖူးများ သေဆုံးမှုသည် ၆၈ဦးအထိ မြင့်တက်လာခဲ့ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က စက်တင်ဘာ ၃ရက် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ကိပ်တောင်း ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တောင်အာဖရိက နိုင်ငံ ကိပ်တောင်း မြို့ အရှေ့ပိုင်း ၃၀ ကီလိုမီတာ အကွာအဝေး ခန့်ရှိ လက်နက်သိုလှောင်ရုံ တစ်ခု တွင် စက်တင်ဘာ ၃ ရက် ညနေပိုင်း အချိန်၌ ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွား...