Connect with us

Africa & Middle East

ဆီးရီးယား၌ အမေရိကန်တို့ တရားမဝင် တည်ရှိနေခြင်းကို ရပ်တန့်ရန် အီရန်တိုက်တွန်း

ဆီးရီးယားနိုင်ငံ ရှိ အမေရိကန်စစ်ကားတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က အမေရိကန်အနေဖြင့် ဆီးရီးယားနိုင်ငံအတွင်း တရားမဝင် တည်ရှိနေခြင်းကိုရပ်တန့်ရန် အောက်တိုဘာ ၁၅ ရက်က တိုက်တွန်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သည် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို ဖီဆန်ပြီး ဆီးရီးယားအစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ၎င်း၏ တပ်ဖွဲ့ဝင်များကို ဆီးရီးယားနိုင်ငံ၌ ဖြန့်ကျက်ထားခြင်းကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Bahram Qasemi က အပတ်စဉ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

Qasemi က အမေရိကန်တို့၏ နယ်ချဲ့မူဝါဒများအရ ဆီးရီးယားရှိ အမေရိကန်တို့၏ လုပ်ဆောင်ချက်တိုင်းသည် ဆီးရီးယားနိုင်ငံ မတည်ငြိမ်မှု၊ လုံခြုံရေးကင်းမဲ့မှုတို့ကို ဖြစ်စေပြီး အကြမ်းဖက်သမားများကို ကူညီနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက အမေရိကန်အနေဖြင့် ဆီးရီးယားပိုင်နက်အတွင်း မည်သည့်လုပ်ဆောင်ချက်မျိုးကိုမဆို အစောဆုံး ရပ်တန့်သင့်ပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမှ ရှောင်ကြဉ်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.