တီဟီရန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သည် ရုရှားနိုင်ငံသို့ နေ့စဉ် ရေနံစည်ပေါင်း ၁၀၀,၀၀၀ တင်ပို့ရောင်းချသွားရန် သဘောတူညီချက် စာချုပ် ချုပ်ဆိုသွားမည်ဟု အီရန်နိုင်ငံရေနံဝန်ကြီး ၏ပြောကြားချက်ကို ကိုးကား၍ သတင်းဋ္ဌာနများက ဖေဖော်ဝါရီ ၂၁ရက်တွင် ဖော်ပြခဲ့သည်။
တီဟီရန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ မြို့တော် တီဟီရန်မြို့တွင် ၂ရက်တာကြာမြင့်မည့် ပါလက်စတိုင်းညီလာခံ အား ဖေဖော်ဝါရီ ၂၁ ရက် တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံပိုင်း IRNA သတင်းဋ္ဌာန က ဖေဖော်ဝါရီ ၂၀ ရက်တွင် ဖော်ပြခဲ့သည်။
အန်ကာရာ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့ဘက် Igdir ပြည်နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက်က ဘတ်စ်ကား ၂စီးခေါင်းချင်းဆိုင် တိုက်မိရာ လူ ၈ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၂၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းရုပ်သံလိုင်း CNNTurk က ဖော်ပြခဲ့သည်။
မက်ထားလမ်၊ အာဖဂန်နစ္စတန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ လက်ဂ်ဟမ်ပြည်နယ် အရှေ့ပိုင်း၌ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အစိုးရက ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ပြောကြားလိုက်သည်။
ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) အာရပ်လူမျိုး အရေပြားခွဲစိတ်မှုဆရာဝန်တစ်ဦး ၏ ခွဲစိတ်မှုအမှား ကြောင့် ဆော်ဒီ အမျိုးသမီးငယ် တစ်ဦး ခြေလက် ၃ချောင်း ဖြတ်ခဲ့ရသည့်အတွက် တရားဥပဒေနှင့်ရင်ဆိုင်ရပြီး ၎င်း၏ ဆေးကုသခွင့်လိုင်စင် အသိမ်းခံရမည့် အခြေအနေသို့ရောက်ရှိနေကြောင်း ပြည်တွင်းကျန်းမာရေးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်တွင်ပြောကြားခဲ့သည်။
နိုင်ရိုဘီ ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ဆိုမာလီယာ သတင်းအချက်အလက် ဌာန နှင့် ဒေသတွင်း အစိုးရ ဌာန တို့က ဆိုမာလီယာ နိုင်ငံ မြို့တော် Mogadishu ၏ လူထူထပ်ရာ ဈေးတစ်ခု တွင် ကားဗုံးဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရသဖြင့် ၃၀...
ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု သည် စင်ကာပူနိုင်ငံ နှင့် သြစတြေးလျနိုင်ငံများသို့ အစ္စရေးဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် ပထမဆုံး တရားဝင်ခရီးစဉ်သွားရောက်ရန် ဖေဖော်ဝါရီ ၁၉ ရက်တွင် အစ္စရေးနိုင်ငံမှ ထွက်ခွာလာခဲ့ကြောင်း သိရသည်။
အဘူဒါဘီ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများ ပြည်ထောင်စုက ၂၁၁၇ ခုနှစ်တွင် အင်္ဂ ါ ဂြိုဟ် (Mars) ပေါ်တွင် မြို့တစ်မြို့ တည်ဆောင်ရန် စီစဉ်ထားကြောင်း ကြေညာလိုက်သည်။
Shibeghan ၊ အာဖဂန်နစ္စတန်၊ ဖေဖော်ဝါရီ (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းဒေသတွင် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းခြင်းနှင့် အအေးလွန်သည့် ရာသီဥတု အခြေအနေများကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ကလေးငယ် ၂ ဦး အပါအဝင် လူပေါင်း ၁၄ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့...
ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အီရတ် နိုင်ငံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်နေ့၌် မြို့တော် ဘဂ္ဂဒက် တွင် ကားဗုံး ဖောက်ခွဲ တိုက်ခိုက်မှု ထပ်မံ ဖြစ်ပွား ခဲ့ပြီး ၄၅ ဦးသေဆုံးကာ ၅၆ ဦး ဒဏ်ရာရရှိစေခဲ့ကြောင်း...