Connect with us

Africa & Middle East

ယီမင်နိုင်ငံရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် လေကြောင်းတိုက်ခိုက်ခံရမှု ကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံး

ယီမင်နိုင်ငံတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ဆာနား၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံ ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သည့် Hodeidahမြို့ စစ်ဆေးရေးဂိတ်တစ်ခုတွင် အောက်တိုဘာ ၁၃ ရက်က လေကြောင်းတိုက်ခိုက်ခံရကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ အနည်းဆုံး ၁၇ ဦးရှိပြီး ၂၀ ဒဏ်ရာရရှိကြောင်း ဒေသခံဆေးရုံ တစ်ရုံရှိ ဝန်ထမ်းတစ်ဦးက ဆိုသည်။

Hodeidahမြို့အရှေ့တောင်ပိုင်း ယီမင်ဟူသီလက်နက်ကိုင်များထိန်းချုပ်သည့် စစ်ဆေးရေး ဂိတ် တစ်ခုမှာ အောက်တိုဘာ ၁၃ ရက်တွင် လေကြောင်းတိုက်ခိုက်ခံရရာ အရပ်သားများ စီးနင်းလိုက်ပါ သည့် ခရီးသည်တင်ဘတ်စ်ကား ၂ စီး ထိမှန်သောကြောင့် အနည်းဆုံး လူ ၁၇ ဦးသေဆုံးပြီး လူ ၂၀ ဒဏ်ရာ ရရှိခဲ့ကြောင်း ၊ ဒဏ်ရာရသူများအနက် အများစုမှာ အမျိုးသမီးနှင့်ကလေးငယ်များဖြစ်ကြောင်း အမည်မဖော်လို သည့် ဆေးရုံဝန်ထမ်းတစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ယီမင် ဟူသီလက်နက်ကိုင်များက ယင်းနေ့တွင်ပင် Saba News Agency မှတစ်ဆင့် အတည်ပြုခဲ့ပြီး ဆော်ဒီဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့က ယင်းကိစ္စကို တာဝန်ယူသင့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ယီမင်ဟူသီလက်နက်ကိုင်များက မြို့တော် ဆာနားကို သိမ်းပိုက် ခဲ့ပြီးနောက် ယီမင်တောင်ပိုင်းဒေသများကို ထိန်းချုပ်နိုင်ခဲ့ရာ ယီမင်သမ္မတ Hadiမှာ ဆော်ဒီအာရေဗျ နိုင်ငံသို့ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီအာရေဗျဦးဆောင်သော အာရပ်နိုင်ငံအချို့က ဟူသီလက်နက်ကိုင်များကို “Operation Decisive Storm”စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် ခဲ့သည်။ယခုနှစ် ဇွန်လတွင် ယီမင်အစိုးရတပ်က Hodeidahမြို့ ကို ပြန်လည်သိမ်းပိုက်ရန် စစ်ရေးလှုပ်ရှားမှုများ စတင်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117